22

4K 203 12
                                    

ရူးသွက်မသွားပါနဲ့ဒီထက်ရူးနိုင်ချေရှိတယ်

ကျောက်ရုပ်ကြီးတစ်ခုလိုခပ်တောင့်တောင့်ရပ်ကာငေးငေးငိုင်ငိုင်ဖြစ်နေတဲ့သူကြောင့်ဒေါင်းထိုင်နေရာမှထလိုက်ပြီးထိုထူသားရှိရာနေရာသို့သွားလိုက်သည်။

အေးစက်စက်ဖြစ်နေသောလက်တစ်စုံအားခပ်ဖွဖွဆုပ်ကိုင်ရင်းနွေးထွေးမှုအပြည့်ဖြင့်ပြုံးပြလိုက်မိသည်။

"မောင်တောင်းပန်ပါတယ်အကြာကြီးပစ်ထားခဲ့မိလို့"

အေးစက်နေသောခန္ဓာကိုယ်လေးအားဒေါင်းဘက်ပါလာသည်အထိဆွဲယူလိုက်ပြီးနဖူးလေးအားဒေါင်းငုံ့နမ်းပြီးပြောလိုက်မိသည်။

"မောင်မင်းကိုအများကြီးလွမ်းနေတာ"
"……"

"မောင်မင်းကိုလွမ်းလွန်းလို့ရူးတော့မှာ"
"……"

"မောင်ပစ်ထားခဲ့သလိုဖြစ်သွားမိရင်တောင်းပန်ပါတယ်ခင်ဗျားရယ်"
"………"

ဒေါင်းထိုလူသား၏ပုခုံးထက်မျက်နှာငုံ့ချလိုက်မိရင်းစကားတွေတရစစ်ပြောလိုက်မိသည်။ပြောချင်နေတာကြာပြီဖြစ်တဲ့စကားလုံးတွေအားဖွင့်ချလိုက်ရတဲ့အတွက်ရင်ထဲမှာနည်းနည်းတော့ပေါ့သွားသည်။

သို့သော်စကားတွေအားထိုထက်ပိုပြီးပြောချင်မိသေးသည်။ဖက်ခွင့်မရတာကြာပြီဖြစ်တဲ့ကိုယ်လုံးလေးအားတဝကြီးဖက်ပြီးစကားတွေအများကြီးပြောချင်မိသည်။

သိချင်မိတဲ့အဖြေတွေအားကြားချင်မိသည်။သူဘယ်လောက်တောင်လွမ်းနေကြောင်းကိုယ်လည်းထပ်တူခံစားရကြောင့်အမိျုးမိျုးမရိုးနိုင်အောင်ပြောပြချင်မိသည်။

မြတ်နိူးမဝတဲ့အနမ်းတွေနဲ့ထိုလူသားအားသူ့အပိုင်အဖြစ်ကြေငြာလိုက်ချင်သည်။

|ရူးတော့မယ်ဗျာရူးတော့မယ်|

သျှားအသိမဝင်တော့သည်မဟုတ်လုံးဝကိုဝင်သည်။လက်ရှိဘာဖြစ်နေလည်းဆိုတာသိလည်းသိသည်။သို့သော်မယုံရဲ၍ထိုသို့ရပ်နေမိခြင်းပါ။

|မောင်တဲ့သူ့ဘဝတစ်ခုလုံးပုံအောပြီးချစ်မြတ်နိုးပေးမဲ့မောင်တဲ့|

My Boyfriend Is Royal King (Completed) Where stories live. Discover now