28

3K 158 6
                                    

ဆွေးနွေးမှု(သို့)အချေအတင်ဖြစ်မှု

"ငါ……!"
"ပြောမောင့်ကိုယုံလား"

သျှားခေါင်းသာငြိမ့်ပြလိုက်မိသည်။မောင်ရှိနေတယ်ဟူသောအသိဖြင့်သာဘာမှမဖြစ်သလိုနေနိုင်ပေမဲ့ရင်ထဲမှာတော့ဘယ်လောက်စိတ်လှုပ်ရှားနေတယ်ဆိုတာကိုယ့်ကိုယ်ကိုသာသိသည်။

သူနဲ့မောင်ချစ်ခဲ့ကြတာတွေကိုလူတွေဘယ်လိုမြင်မလဲ။သျှားဟာယောက်ျားလေးတစ်ယောက်မို့Greenနိုင်ငံကိုအုပ်ချုပ်မဲ့အိမ်ရှေ့စံတစ်ယောက်ရဲ့ကြင်ယာတော်ဖြစ်ခွင့်မရှိနိုင်ဘူးလား။

ပကာသနဆိုတာမောင်ကိုစတွေ့ကတည်းကလုံးဝပါမလာခဲ့။စည်းစိမ်ချမ်းသာတွေမြင်ပြီးချစ်ခဲ့ရအောင်ကလည်းကိုယ်ကအရူးမဟုတ်။မောင့်ကိုချစ်ခဲ့တုန်းကမောင်ဘယ်သူဘယ်ဝါမှန်းသိတောင်မသိခဲ့။

မောင်ပြောပြဖူးတဲ့ဇီဇာကြောင်တဲ့အဖိုးကြီးတွေမောင်တို့နှစ်ယောက်ကိုဒုက္ခပေးလိမ့မယ်ဆိုတဲ့စကားသာနားထဲမှာတွင်တွင်သာကြားယောင်နေတယ်။

မောင်ဆိုတဲ့အသိနဲ့ပဲဘဝတစ်ခုလုံးဖြစ်ချင်ရာဖြစ်ပါစေဆိုပြီးလွတ်ထားလိုက်မိတော့လည်းမတတ်နိုင်။ကံက္မြာစေရာပေါ့။

"ကိုကို……!"

အတွေးများနေသောလူသားလေးအားရင်ခွင်ထဲခပ်တင်းတင်းပွေ့ဖက်ထားလိုက်မိသည်။ဘာမဟုတ်တဲ့ကိစ္စတွေကိုတွေးပူပြီးစိုရိမ်နေတတ်တဲ့ဤလူသားကိုလည်းအဲအရိပ်စိုးကြီးတွေကနေလွတ်မြောက်အောင်လုပ်ပေးရမည်။
အခုတစ်ခါအားလုံးနဲ့ရင်ဆိုင်ပြီးရင်သူတို့ဘဝကသာယာပြီ။

"မောင့်ကိုယုံတယ်မလား"
"အင်း"

အခိျန်မတိုင်းပဲပြန်ပြောလာသူကြောင့်ပြုံးကာပခုံးပေါ်မှီထားသောဆံဆတွေအားငုံ့နမ်းလိုက်သည်။

တု့ံကနည်းရပ်သွားသောကားကြောင့်တော်ဝင်စုဝေးရာနေရာအရောက်ရပ်သွားမှန်းသိလိုက်ရသည်။ရှေ့ဆင့်နောက်ဆင့်ရပ်ထားသောအိမ်ရှေ့စံတံဆိပ်ပါကားတွေကြောင့်ဤနေရာတဝိုက်ရှိလူများအလိုက်တသိနေရာရှောင်ပေးကြတော့သည်။

ခပ်တည်တည်မျက်နှာထားဖြင့်ဒေါင်းကာပေါ်မှဆင်းလိုက်ကာကိုကိုဘက်ရှိတံခါးအားဖွင်းပေးလိုက်တော့သည်။

My Boyfriend Is Royal King (Completed) Where stories live. Discover now