34

2.4K 118 4
                                    

မောင်လူဆိုးကိုယ်မင်းကိုအရမ်းချစ်သွားပြီ။

ဖြူရွရွပုံရိပ်လေးကတံခါးဝမှာနတ်သားတစ်ပါးသက်ဆင်းလာသလိုငေးရက်စရာမရှိ။

"ကြင်ယာတော်ကြွရောက်လာပါပြီ"

ထိုစကားသံအဆုံးယာငြိမ့်ငြောင်းသောတေးသီချင်းသံထွက်ပေါ်လာသလိုတံခါးဝရှိပုံရိပ်လေးဟာလည်းလျှောက်လမ်းမထက်စတင်လမ်းလျှောက်လာတော့သည်။

နောက်ဘက်မှလိုက်ပါလာသောလူများသည်လည်းထိုလျှောက်လမ်းဘေးတစ်ဖက်တစ်ချက်စီမှတန်းစီလိုက်ပါလာခဲ့သည်။

တည်ငြိမ်နေတဲ့ရေတောင်ဘယ်လောက်ပဲတည်ငြိမ်နေတယ်လို့ပြောပြောခဲတစ်လုံးပစ်ချလိုက်တာနဲ့လှိုင်းဂရက်တော့ထသွားစမြဲ။

အခုလည်းဒီဥပမာတစ်ခုလိုပင်အပြင်ပိုင်းမှာစိတ်လှုပ်ရှားမှုတွေမပေါ်လွင်ပေမဲ့စိတ်ထဲမှဘောင်ဘင်ခတ်နေတာနှိုင်းပြစရာမရှိ။

စင်ပေါ်မှာရပ်စောင့်နေရတဲ့ခံစားချက်ကြီးနှင့်အတူတရွေ့ရွေ့နီးကပ်လာတဲ့ပုံရိပ်လေးအားမျက်တောင်မခတ်စတမ်းစိုက်ကြည့်နေလိုက်မိသည်။

အဟားးးနောက်ဆုံးသူကို ကို့ကိုပိုင်ဆိုင်ရတော့မည်။အရိပ်တစ်ခုလိုကြီးစိုးနေသောကြောက်ရွ့ံမှုကအခုတော့ဘာမျှမရှိတော့။

ကိုကို့ကိုဘယ်သူမှမပိုင်ဆိုင်ရတော့သူတစ်ယောက်သာလျှင်ပိုင်ဆိုင်ရတော့မည်။သူ့အပိုင်သာ။သူတစ်ယောက်တည်းရဲ့အပိုင်။မောင့်ရဲ့မူပိုင်။

တစ်ဖက်မှာလည်းထိုအတွေးတွေနှင့်ထပ်တူစွာဝမ်းသာမျက်ရည်ကျနေသောတစ်ယောက်လည်းရှိသည်။နောက်ဆုံးတော့မောင်ကိုထာဝရပိုင်ဆိုင်ခွင့်ရလိုက်ပြီ။

ကိုယ့်ကိုယ်ကိုလည်းအရူးတစ်ယောက်လိုဖြစ်နေမှန်းသတိထားမိသည်။သို့သောခုခိျန်မှာဘယ်လိုဖြစ်နေပါစေသျှားမရှက်နိုင်တော့မောင်လိုလူတစ်ယောက်ကိုခင်ပွန်းတော်ရမယ့်ကိုယ့်အဖြစ်ကိုသာလျှင်ဝမ်းသာကြည်နူးဖြစ်မိသည်။

အခုဆိုမောင်ဘယ်လောက်ပျော်နေလိုက်မလဲ။ကြည့်ပါအုံးအဝေးကနေလှမ်းမြင်နေရတဲ့မောင်ရဲ့မျက်နှာကအပြုံးတွေနဲ့။

My Boyfriend Is Royal King (Completed) Where stories live. Discover now