35

2.5K 109 6
                                    

(ခေါင်းစဉ်ကအင်္ဂလိပ်မြန်မာပြောင်းသွားလို့တစ်ခြားficမထင်ပါနဲ့ဗျာ)

ချစ်ရသူပျော်တာမြင်ရရင်ကိုယ်ပါပျော်သည်။

ကလေးတစ်ယောက်လိုငိုလိုက်ပြုံးလိုက်ဖြစ်နေသည့်မောင့်ကြောင့်သျှားမည်သို့လုပ်ပေးရမယ်မှန်းမသိတော့ပေ။

အခုလိုဖြစ်လိမ့်မည်ဟုလည်းထင်မထားမိ။မောင်ကအပြင်ပိုင်းသာသန်မာချင်ယောင်ဆောင်ပေမဲ့အတွင်းပိုင်းစိတ်လေးကနူးနူးည့ံည့ံလေး။

ဖြစ်နိုင်ရင်သျှားအရင်လိုပုံစံနဲ့သာမောင့်ကိုမြင်ချင်မိသည်။                            

"မောင်တော်ပြီလို့ကိုယ်မင်းအနားမှာတစ်သက်လုံးရှိနေမှာလေ"
"မောင်…မောင်က…"
"ဟွန့်!မောင်ကဒီလိုလေးလဲနေတတ်တယ်ဆိုတာမယုံနိုင်ဘူး"

နှက်လည်းနှက်သိမ့်ပါသည်။ပြုံးလည်းပြုံးမိပါသည်။မောင်တစ်ယောက်ဒီလိုပြုမူပုံလေးကိုလည်းသိမ်းထားချင်မိပါသည်။

အ့ံသြမှုကိုပြပါဆိုလျှင်သူတို့ဘာပြန်ပြသင့်လည်းဟုဆိုသင့်လျှင်တစ်ခြားကိုမတွေးမိတော့ပါ။ကလေးတစ်ယောက်လိုအပူကပ်နေသောနိုင်ငံရဲ့ဘုရင်အသစ်လေးကိုသာပြချင်မိပါသည်။

ဘယ်လောက်အ့ံသြရလဲဆိုလျှင်တိုင်းတာပြဖို့အလွန်တရာမှခက်ခဲပါလိမ့်မည်။

ပွဲမှှာဧည့်ခံသမျှလည်းစားရင်းသောက်ရင်းပျော်ပါးရင်းစွံ့အမှုတွေလည်းမိျုးစုံကြုံရသည်။

သွေးစက်ဆိုလျှင်သွေးတက်လှချည်ရဲ့ဟုဆိုကာအကိုလွန်းမိုအားအတင်းခေါ်၍အိမ်ကိုပြန်သွားသည်။ညပွဲကျမှပြန်လာမည်ဟုဆိုသည်။

ဇက်နှင့်ဂိျန်းကတော့ရိုးရှင်းသည်။တစ်ယောက်နှင့်တစ်ယောက်အပြိုင်အဆိုင်ရန်ဖြစ်ကြရင်းသူ့ထက်ငါအပြိုင်ဝိုင်ချည်းသက်သက်ချကြသည်။

သျှားနှင့်မောင်သာလျှင်နည်းနည်းအားလပ်သည်။ဂုဏ်ပြုအောင်လာကြသောလူကြီးပိုင်းထဲမှတစ်ခိျု့ကိုသာလျှင်စကားလက်ဆက်ပြောလိုက်မိသည်။

လာသမျှလူလက်ခံစားကားပြောလျှင်လည်းတစ်နေ့တာအတွက်ကုန်သွားနိုင်မည်ဟုမထင်။ဖိတ်ကြားထားသောတစ်ခြားနိုင်ငံများမှအထူးဧည့်သည်တွေကိုတော့ရိုသေသမှုနှင့်လက်ဆောင်အခိျု့ပြန်ပေးလိုက်သည်။

My Boyfriend Is Royal King (Completed) Where stories live. Discover now