17

4.1K 211 11
                                    

ချစ်နေသည်ဆိုပါတော့

"လွန်းမိုလွှာ!…ခင်ဗျားအဲမှာရပ်နေ!"

တုန်တက်သွားသောနောက်ကျောပြင်လေးနှင့်အတူလူတစ်ယောက်ထိုအရိပ်လေးနားသို့ခြေလှမ်းကျဲကျဲဖြင့်လျှောက်လှမ်းသွားလေတော့သည်။

အရည်ကြည်ရက်သိုင်းနေသောမျက်ဝန်းအစုံဖြင့်ဝဲတက်လာသောမျက်ရည်စတွေကိုထိန်းကာအ့ံသြတကြီးလှည့်ကြည့်လာသူအားလက်ကောက်ဝက်မှခတ်တင်းတင်းဆုတ်ကိုင်ကာလူရှင်းမြင်ထင်သောနေရာတစ်ခုသို့ခပ်ကြမ်းကြမ်းဆွဲခေါ်လာလိုက်သည်။

"မင်းအရိပ်ဝယ်"ကုမ္ပဏီ၏ရှေ့မျက်နှာပြင်တွင်ဖြစ်နေ၍ရုတ်ရုတ်သဲသဲဖြစ်လျှင်ဖြေရှင်းဖို့လွန်စွာခက်သည်။ကိုယ်ခေါ်လာသည့်သူကလည်းထိုကုမ္ပဏီCEO၏အတွင်းရေးမူးတစ်ယောက်အပါအဝင်လည်းဖြစ်နေပြန်။

|ဒီတစ်ယောက်နဲ့စာရင်းရှင်းဖို့များလွန်းသည်|

"ခင်ဗျားကိုလွှတ်ထားတိုင်းအငြိမ်မနေတတ်တာခင်ဗျားမျောက်လား"
"…"

"ထွက်ပြေးဖို့မလုပ်နဲ့နော်ခင်ဗျားကိုရိုက်သတ်နိုင်တယ်မလုပ်ဘူးမထင်နဲ့"
"…"

"အလုပ်တွေခင်ဗျားကိုလုပ်ခိုင်းလို့လားပြောမရလိုလုပ်ချင်လုပ်ပါစေလွှတ်ထားတာထိုင်ပြီးစားနေရင်တောင်10သက်မကုန်နိုင်တဲ့ပိုက်ဆံတွေခင်ဗျားရှေ့ချပေးထားရင်တောင်အလုပ်လုပ်နေဖို့လား"
"…"

"ဟ!ဘာကြောင်ကြည့်နေတာလည်းအသွားတာလား"

ကိုယ်ကသာစကားတွေတရစစ်ထွက်သွားပေမဲ့ထိုတစ်ယောက်ကိုယ်ခေါ်လာသည့်အတိုင်းမလှုပ်မရှက်နဲ့ကြောင်အအ။

ခပ်ကြမ်းကြမ်းဖိကိုင်ထားလို့နီရဲလာတဲ့လက်ကောက်ဝတ်ကိုတောင်သတိရောမူမိရဲ့လားဟုမေးချင်သည်ထိကျောက်ရုပ်လိုတောင့်တောင့်ကြီး။

ပုခုံးနှစ်ဖက်အားခပ်ကြမ်းကြမ်းဆွဲရမ်းလိုက်မှကိုယ်လေးတုန်တက်သွားပြီးသတိဝင်လာသလိုလူကိုသရဲမြင်လိုက်သည့်အတိုင်းလန့်ပြီးနောက်ဆုတ်ဖို့သွားဖို့ချောင်းနေသည်။နေရာပြောင်းသွားတာမပြောဘူးဒီကောင်ကအဲလောအရေးမပါတာလား။

My Boyfriend Is Royal King (Completed) Where stories live. Discover now