24

3.5K 177 8
                                    

အဆင့်တက်သည်ပေါ့လေ

တစ်နေ့လုံးသျှားအလုပ်ကိစ္စတွေနှင့်ပတ်သတ်၍ပွဲမှာမျက်နှာပြောင်တိုက်ပြီးနေရသေးသည်။ကိုယ်ကသူများတွေကြားမှာရှင်ဘုရင်လိုမင်းမူနေတဲ့တစ်ယောက်ကိုလက်ထပ်ခွင့်တောင်းခဲ့သည်မဟုတ်လား။

ပြန်တွေးကြည့်ရင်မျက်နှာပြောင်တိုက်ပြီးနေနေတဲ့ကိုယ့်ကိုယ်ကိုလည်းအရှက်မရှိဘူးလားဟုပြန်မေးမိသည်။

ချစ်လို့လုပ်ခဲ့တာပဲဟုဖြေသိမ့်ပြီးနေရတာလည်းကိုယ်ပဲမဟုတ်လား။

လက်ကနာရီကလည်းနေ့ခင်း12နာရီကိုညွှန်နေပြီအကိုလွန်းမိုကခဏဆိုပြီးထွက်သွားတာတော်တော်နဲ့ပြန်မလာ။

"Bossပွဲအခမ်းအနားတွေပြန်ရုတ်သိမ်းခိုင်းတာပြီးပါပြီလူတွေကိုတော့မြေအောက်ထပ်ကဟောခန်းထဲကိုရွှေ့လိုက်ပါတယ်"

ဝင်လာသောဖုန်းcallအားသျှားကြောင့်ကြည့်လိုက်မိသည်။သူဘယ်တုန်းကအဲလိုတွေလုပ်ဖို့ခိုင်းခဲ့လို့လည်း။အဓိပ္ပာယ်မရှိတာတွေ။

ဖုန်းမှားဝင်တယ်ပြောရအောင်ကလည်းမမှားနိုင်။ဝင်လာတဲ့အဝင်callကသျှားသက်တော်စောင့်စီကဖုန်းနံပတ်ပါ။

ညာမှာတော့မဟုတ်။သို့ပေမဲ့သျှားလည်းအဲလိုလုပ်ဖို့စေမခိုင်းထားပါ။ဘာတွေလွှဲမှာနေတာလည်း။

သျှားမျက်မှောင်ကြုံကာအဖြေတစ်ခုရှာနေမိသည်။အကိုလွန်းမိုကလည်းကိစ္စတစ်ခုကြောင့်အပြင်သွားမယ်ပြောကာပြီးမှလာခေါ်မည်တဲ့။

ဧကန်တဒီကိစ္စကိုတစ်စုံတစ်ယောက်ကြိုးကိုင်လှုပ်ရှားနေတာပင်။

စိုးရိမ်စိတ်ကြောင့်သျှားဘာမှတွေးတောမနေနိုင်ပဲသက်တော်စောင့်တွေထံအချက်ပေးစနစ်ဖွင့်လိုက်တော့သည်။အကြီးကြီးတော့လွဲနေပြီ။

"သျှားအပြင်ထွက်လာလို့ရပြီ"

ပြင်ဆင်စရာရှိတာပြင်ဆင်ပြီးနောက်အပြင်ဘက်မှလမ်းခေါ်သံနှင့်အတူတံခါးတစ်ချပ်ပါပွင့်လာ၍အခိျန်ဆွဲမနေတော့ပဲအပြင်ထွက်လိုက်သည။

သို့သောသတိကြီးကြီးအနေထားနှင့်သာနေလိုက်သည်။အပြင်မှာဖျက်ပျက်နေသမျှသျှားလိုက်မှီ၍ဖြစ်သည်။

My Boyfriend Is Royal King (Completed) Where stories live. Discover now