26

3.2K 168 10
                                    

ချစ်တယ်

နောက်နေ့မနက်ပိုင်း၌ဒေါင်းအိပ်ရေးဝစွာနိုးလာတော့သည်။ခွဲခွာခဲ့သည့်နေ့မှစ၍အိပ်ရေးဝဝမအိပ်ခဲ့ရတာဘယ်လောက်ကြာပြီလည်း။အခုတော့အိပ်ဆေးလေးကြောင့်အိပ်မပျော်မှာစိတ်ပူစရာမလို။

ဒေါင်းလက်တစ်ဖက်အားခေါင်းအုံးသဖွယ်ခုအိပ်ထားပြီးရင်ဘတ်ပေါ်လက်တင်ကာအပြစ်ပြောစရာမရှိအိပ်စက်နေတဲ့သူကြောင့်မနေနိုင်တော့ပဲရင်ခွင်ထဲရှိနူးည့ံအိစက်နေသောကိုကို့ကိုယ်လုံးလေးအားခပ်တင်းတင်းပွေ့ဖက်ကဒေါင်းmorning kissပေးလိုက်တော့သည်။

"ပြွတ်!မောနီးအချစ်!
"အွန်း!မောနီး"

မျက်လုံးတော့ဖွင့်မကြည့်ပေမဲ့တန်ပြန်ပြောလာသည့်စကားကြောင့်ဒေါင်းပြုံးလိုက်မိသည်။ဒီလိုကျတော့ကိုကို့ပုံစံကအသဲယားဖို့ကောင်းသည်။

နဖူးပေါ်ဝယ်ကျနေသောဆံသားတွေကအစီအငေါ်မတည့်စွာကိျုးတိုးကျဲတယ်။ဖြောင့်ဆင်းနေသောမျက်တောင်မွေးလေးများကမှိတ်ထားဆဲဖြစ်သောမျက်ဝန်းထက်ဝယ်တံတိုင်းကြီးတစ်ခုလို။

သူများတွေတင်စားကြသလိုပေါ့။နှင်းဆီဖူးငုံ့နှုတ်ခမ်းလေးကနီရဲစိုပြေစွာပြောရရင်လောလောလတ်လတ်သူ့စီကအနမ်းခံထားရသည်ပေါ့။

ဒေါင်းဘယ်လိုလုပ်လုပ်မှိတ်ထားဆဲဖြစ်သောမျက်ဝန်းတွေကညတုန်းကသူတို့နှစ်ယောက်လုံးညက်နက်သည်ထိသတင်းတွေလိုက်ဖတ်နေလို့ဖြစ်သည်။

လက်မောင်းပေါ်ခေါင်းအုံးထားဆဲဖြစ်၍အသာအယာဆွဲယူကာခေါင်းအုံးထက်အနူးည့ံဆုံးချပေးလိုက်သည်။လုပ်စရာရှိတာပြင်ဆင်စရာတွေပြီးမှကိုကို့အားသူနိုးတော့မည်။

ပြီးနောက်ရေးခိျုးခန်းထဲဝင်လိုက်ပြီးတခါတည်းရေမိုးခိျုးလိုက်တော့သည်။မတွေ့ခင်ကတည်းကအိပ်ရေးတွေဘယ်လောက်ပျက်ထားသည်မသိဒေါင်းရေခိျုးခန်းထဲကပြန်လာတာတောင်အိပ်နေဆဲဖြစ်သည့်ကိုကို့ကိုကြည့်ကာနောက်ဘယ်တော့မှအလုပ်ကိုကြီးမလုပ်ခိုင်းရန်ဆုံးဖြတ်လိုက်တော့သည်။

မနက်စာအတွက်တော့ဒါင်းစဉ်းစားထားပြီးသားဖြစ်သည်။အပြင်ကနေမှာစားလို့ရပေမဲ့မမှာတော့ပါ။

My Boyfriend Is Royal King (Completed) Where stories live. Discover now