25

3.7K 181 18
                                    

အချစ်ပြုသမျှမောင်ခံမယ်

အကြောင်းအရာအစုံသိစေနိုင်ဖို့သျှားအပေးအယူတစ်ခုနှင့်လဲကာမောင့်စီမှာဖြစ်ပျက်ခဲ့သမျှတစ်ခုမကျန်သိလိုက်ရတော့သည်။

သျှားသွားမစိနိုင်အောင်အ့ံသြသွားရသဖြင့်မောင်ကခပ်ပြုံးပြုံးဖြင့်မိဖုရားလေးကြင်ယာတော်လေးဖြင့်စသေးသည်။

ဟုတ်ပါတယ်ကျွန်တော်ကိုယ်တိုင်သိထားခဲ့တဲ့မောင်ဟာမြန်မာနိုင်ငံမဟုတ်ပါဘူးတဲ့။ကမ်ဘာတစ်ဝန်းရှိနိုင်ငံအများအပြားကင်းလွှတ်လ်ု့ိမရနိုင်သောGreen(အစိမ်းရောင်နယ်မြေ) နိုင်ငံမှတော်ဝင်မင်းသားပါတဲ့။

သျှားနဲ့တွေ့ခဲ့တာကလည်းနိုင်ငံတော်မှစေလွှတ်မှုကြောင့်မက်ရှင်တစ်ခုအတွက်အုပ်စုလိုက်ဒီကိုရောက်လာရသည်တဲ့လေ။

မြန်မာနိုင်ငံကိုမလာခင်ကတည်းကဒီဒေသမှလုပ်ကိုင်လေ့ရှိတဲ့ပုံစံတွေ၊အနေအထားတွေ၊အလွှာမိျုးစုံကလူတွေကိုသေချာလေ့လာခဲ့ရပါသည်တဲ့။

မြန်မာစကားကိုကျွမ်းကျင်စွာပြောနိုင်ဖို့အတွက်ကလည်းမပူပါနဲ့တဲ့။တော်ဝင်ဘုရင့်သားဆိုတော့နိုင်ငံတကာရဲ့အကြောင်းအရာတွေလေ့လာရရုံသာမကဘာသာစကားများစွာကိုငယ်ကတည်းကသင်ခဲ့ရသည်ဆိုပဲ။

ကျောင်းမှာအေးဆေးနေနိုင်တာကလည်းဒေါင်းဏရီဒွန်းသိင်္ခဆိုတာအစိမ်းရောင်နယ်မြေရဲ့တော်ဝင်မင်းသားမှန်းသိ၍မဟုတ်တစ်ခြားနိုင်ငံမှပညာသင်ရန်စေလွှတ်တဲ့သူတစ်ယောက်အနေဖြင့်သာသိထားကြတာပါတဲ့။

လက်ရှိလာနေရခြင်းရဲ့ရည်ရွယ်ချက်ကိုတော့သူတို့တွေအပြင်မည်သူတစ်ဦးတစ်ယောက်မှမသိကြဘူးဆိုလားပဲ။

အဲလောက်ထိဖုံးကွယ်ထားနိုင်တဲ့ရှင်ဘုရင်လေးပါ။

ပြောရရင်သျှားနဲ့တွေ့တုန်းကတော့အိမ်ရှေ့စံသာဖြစ်နေ၍ဟိုကခိုင်းသမျှအကုန်လုပ်နေရတော့မအားခဲ့လို့သူ့ကိုယ်သူတောင်မအေးချမ်းဘူးဆိုပဲ။

ပြောရရင်ကိုယ်တော်ချောဖြစ်တဲ့ကျွန်တော်နဲ့တွေ့မှအထက်ကိုဖီဆန်ပြီးလုပ်ချင်တာလျှောက်လုပ်ခဲ့ဖူးတာဆိုပဲ။ဟုတ်မဟုတ်သိချင်ရင်သွားမေးကြပေါ့။

My Boyfriend Is Royal King (Completed) Where stories live. Discover now