37(Final)

6.5K 160 8
                                    

ချစ်တယ်

"မောင်………"
"ဗျာ့…"
"ချစ်လား"
"သိပ်ချစ်ပါ့ဗျာ"
"ဘယ်လောက်လည်း"
"ပင်လယ်သမုဒ္ဓရာတွေထက်ကျယ်ဝန်းနက်ရှိုင်းတယ်၊ကောင်းကင်ကြီးလိုမောင့်အချစ်နဲ့အုပ်မိုးပေးမယ်မြေကြီးလိုကို့ကို့အချစ်တွေရှင်သန်လာအောင်ပိျုးထောင်ပေးမယ်"
"စကားတွေတတ်နေတာ"

သဘောၤဦးထိပ်ပိုင်း၌ထိုသို့တီတီတာတာစကားတွေပြောနေကြပါသောဤအတွဲအားသောက်မြင်ကပ်နေသောအတွဲသပ်သပ်လည်းရှိပါသည်။သိသွားပြီသိသွားပါပြီ။

နောက်ခါသူများအတွဲတွေဟန်းနီးမွန်းတို့ဘာတို့ညာတို့ထွက်ရင်သေအောင်ခေါ်မလိုက်ချင်တော့ပါ။

သူများအလကားခေါ်တိုင်းလိုက်လာမိကြတဲ့ကိုယ်တွေကသာအချောင်သမလုံးလုံး။

"စက်မျက်နှာကြီးကိုအဲလိုမထားနဲ့လေ"

တီတီတာတာချစ်စကားပြောနေကြသောသျှားတို့အားကြည့်ရင်းမျက်နှာမှုန်ကုတ်နေတဲ့သူကြောင့်မျက်နှာကိုပြန်ပြင်ခိုင်းရသည်။

"စောက်မြင်ကပ်လို့"
"ဟာကြားသွားမယ်လေဘုရင်ကိုမပစ်မှားကောင်းဘူး"
"သဘောၤပေါ်ကပြုတ်ကျသွားရင်ပိုပြီးတောင်အားရသေးတယ်"

ဒီလောက်အထိသွေးစက်တို့ဟိုအတွဲအားအမြင်ကပ်သွားပါသည်။Greenနိုင်ငံကထွက်လာပြီဆိုကတည်းကတီတီတာတာတွေလုပ်နေကြတာအခုထိမပြီးနိုင်စီးမနိုင်။

"ဟွန့်!"

စက်ဘေးနားကရုတ်တရက်ကြီးထထွက်သွားပြမျက်နှာမကောင်းသွားသည့်အကိုကြောင့်နောက်မှပြေးလိုက်သွားမိသည်။

အကိုကတစ်ခါမှစိတ်စိုးစိတ်ကောက်မဖြစ်ဖူး၍အ့ံသြမိသွားသည်။အကိုစကားသူနားမထောင်းမိလို့စိတ်စိုးသွားသည်လား။

"အကို!"
"မထိနဲ့"

နောက်ကျောဖက်မှသိုင်းဖက်လိုက်သောလက်တွေအားခွာချလိုက်သည့်အတွက်တော်တော်ကြီးစိတ်ကောက်နေမှန်းသိလိုက်ရသည်။

ထိုင်နေတော့အကောင်းထသွားမှအကိျုးဆိုတဲ့စကားပုံလိုဖြစ်သွားသည်။

"ကျွန်တော်အကို့စကားနားထောင်မယ်လေစိတ်မစိုးနဲ့ဟုတ်ပြီလား"

My Boyfriend Is Royal King (Completed) Where stories live. Discover now