6(မောင်)

6.1K 613 29
                                    

(Unicode)

"Soo..."

သူမကိုတွေ့ဖို့အတွက် ဆေးရုံကိုလာခဲ့ရသည်.....
ယခုထိသူမအမေက အရေးပေါ်ခန်းထဲတွင်သာ..

"ကလေး"

အရေးပေါ်ခန်းရှေ့တွင် ခေါင်းစိုက်ကာထိုင်နေသော
သူမ သူ့အသံကြားသည်နှင့် ပြေးဖက်လေသည်..

"လွမ်းနေတာ"

"Liလည်းလွမ်းတယ်soo"

သူမရဲ့ကျောပြင်လေးကိုတင်းကြပ်စွာပြန်ဖက်ထားရင်း ဆံနွယ်တွေကိုနမ်းရှိုက်နေတဲ့ Lisa...

"Liတို့ဘယ်နားမှာစကားပြောကြမလဲဟင်"

"ဒီမှာပဲပြောရအောင် တော်ကြာမေမေတခုခုထူးခြားရင် Sooမရှိလို့မဖြစ်ဘူးလေ"

"ကောင်းပါပြီ Soo"

သူတို့နှစ်ဦး အခန်းရှေ့က ခုံတန်းလေးတွေမှာပဲ ဝင်ထိုင်လိုက်ကြသည်...

"အန်တီအခြေအနေကမထူးဘူးလားSoo"

သူမမျက်နှာလေး ညိုးကျသွားရှာတယ်...

"ဟင့်အင်း"

ခေါင်းလေးအသာယမ်းကာ ပြန်ဖြေသည်

"မေမေကအခုဆိုကျောက်ကပ်အပြင် ပန်ကရိယကလည်းသိပ်မကောင်းချင်ဖြစ်နေတာ"

"Sooရယ်"

သူမက သူ့ပခုံးထက်ခေါင်းမှီလာသည်....

သူလည်းJisooရဲ့ညာဘက်လက်လေးကိုဆုပ်ကိုင်လိုက်သည်

"ကင်ဆာတော့မဟုတ်သေးဘူးတဲ့ ဒါပေမယ့်အစပျိုးနေပြီတဲ့လေ ကလေးလည်းသိမှာပါ ပန်ကရိကကင်ဆာကသိပ်ဆိုးတာ"

"ကုလို့ရမှာပါSooရဲ့ နည်းလမ်းရှိမှာပါ"

"ငွေတွေလည်းကုန်မှာလေ"

"Liရှိတယ်လေ Liပေးမှာပေါ့"

"မဖြစ်ဘူးလေ ကလေးရဲ့ အရင်တည်းကကလေးရဲ့မိဘတွေက Sooနဲ့သဘောမတူတာ အခုလိုသာငွေအကူအညီတွေယူနေရရင် ပိုဆိုးသွားမှာ"

"Sooကလည်းကွာ Liတို့ကချစ်သူတွေပဲကို နောက်ပြီးLiတွေးထားတာရှိတယ်သိလား"

"ဘာလဲဟင်"

"Liဒီဂန်းနမ်projectပြီးတာနဲ့ Sooကိုလက်ထပ်ဖို့"

"မောင်"(JENLISA//LISOO)Where stories live. Discover now