10(မောင်)

7.2K 602 37
                                    

(Unicode)

မနက်ဖြန်ကိုLiမရောက်ချင်ဆုံးပဲ
Jenနဲ့လက်ထပ်ပွဲလေ.....

စိတ်တွေလေးလံနေလိုက်တာဆိုတာပြောမနေပါနဲ့

"ဟူး....."

သက်ပြင်းအကြီးစားကြီးကိုမှ ရွေးချလိုက်ပြီး

အခန်းထဲကအလုပ်စားပွဲမှာထိုင်ကာ
LaptopထဲကSooရဲ့ဓါတ်ပုံလေးတွေကို
ကြည့်နေမိတယ်....Sooကကမ္ဘာပေါ်မှာအအေးချမ်းဆုံးအပြုံးလေးကိုပိုင်ဆိုင်ထားတဲ့အမျိုးသမီး

အသည်းပုံနှုတ်ခမ်းလေးနဲ့ ပြုံးလိုက်ရင်သိပ်လှသည်

လက်ထဲမှာလည်းSooပေးထားတဲ့နာရီလေးကို
ကိုင်ထားကာငေးနေမိသေးသည်

ဒေါက်#ဒေါက်#

တံခါးခေါက်သံကြောင့် လက်ကလည်းအလိုလို
Laptopကိုပိတ်လိုက်ပြီး နာရီကိုလည်းအံဆွဲထဲ
ထည့်သိမ်းလိုက်သည်

"ဟင်"

Liတံခါးဖွင့်လိုက်တော့ တွေ့လိုက်ရတဲ့သူကJen

"Jenဘယ်လိုဖြစ်ပြီးရောက်လာတာလဲကွာ"

"မောင့်ကိုသတိရလို့လေ"

သူမကအခန်းထဲကိုတစ်လှမ်းချင်းဝင်လာပြီး
ကုတင်ဘေးမှာတစောင်းထိုင်လိုက်သည်

"Liကိုဖုန်းဆက်လိုက်ရောပေါ့"

"ဟင့်အင်း မျက်နှာလေးတွေ့ချင်တာ"

Liလည်းသူမဘေးကိုဝင်ထိုင်လိုက်ပြီး

"မနက်ဖြန်ပဲလက်ထပ်တော့မှာကို
ဒီလောက်ထိအိုဗာမဖြစ်လည်းရပါတယ်"

မောင်ပြောရက်လိုက်တာ စကားလုံးတွေနဲ့တစ်မျိုး
အမူအရာတွေနဲ့တစ်ဖုံ မ ကိုအသေသတ်နေတာလား

"အိုဗာဖြစ်သွားရင် မ တောင်းပန်ပါတယ်နော်"

ပြောရင်းဆိုရင်း ဒီအမျိုးသမီးရင်ခွင်ထဲဝင်လာပြန်ပြီ

"မောင်"

"အင်း"

"ဒီညဒီမှာပဲအိပ်သွားမယ်နော်"

"သဘောပဲလေ မအိပ်နဲ့ဆိုလည်းရမှာမှမဟုတ်တာ"

Jen ပြုံးမိသွားသည် မောင့်စကားကြောင့်

"မောင်"(JENLISA//LISOO)Where stories live. Discover now