26(မောင်)

7.8K 500 53
                                    

(Unicode)

တော်ပါသေးရဲ့!!!
ဂျန်းကြောက်နေခဲ့တာ
မောင်ဆွဲမထားခဲ့မှာကို
သိပ်ကြောက်နေခဲ့မိတာ
ဒါပေမယ့် မောင်က ဂျန်းကို
သိပ်ချစ်ပြီးမခွဲနိုင်ဘူးတဲ့လေ

ဘုရားမတာပါပဲ တကယ်ကျေးဇူးတင်မိတယ်ရှင်

အခုလည်း မောင်ကဂျန်းမွေးနေ့ကိုမမေ့ခဲ့ပါဘူး
သူမှတ်မိနေတာ ဂျန်းယူလာပေးတဲ့ ကိတ်မုန့်ကိုလည်း
သူအရသာရှိရှိကိုစားနေရှာသေးတာ

ဂျန်းရဲ့ဘေးမှာထိုင်ပြီး
ကိတ်ကိုအသဲအသန်စားနေတဲ့
မောင့်ကိုကြည့်ပြီးအချစ်ပိုရပြန်တယ်
ချစ်စရာကောင်းလိုက်တာ

"မောင်ရယ် ဖြေးဖြေးစားပါ
ဘယ်သူကလုစားနေလို့လဲ"

ဂျန်းနီ မောင့်ရဲ့ပါးစပ်တစ်ဝိုက်ကို
လက်နဲ့ပွတ်ဆွဲပေးရင်းပြောတော့
မောင်ကပြုံးကာဆိုတယ်

"ဗိုက်ဆာနေတာ"

"ဟယ် အဲ့တာအစောတည်းကပြောရောပေါ့
မောင်ရယ် မ တစ်ခုခုပြင်ပေးမှာပေါ့"

"ရပါတယ်ဒါလည်းဗိုက်ဝတာပဲကို"

"မောင်ကတော့လေတအားဆိုးတာပဲ"

"ဗျာ မောင်ကဘာဆိုးလို့လဲ မ ရဲ့"

"မဆိုးလို့လား တစ်နေကုန်ဘာမှမစားပဲ
အရက်ပဲသောက်နေတယ်လေ"

"သြော်အဲ့တာလား အဲ့တာကအသဲကွဲလို့လေ"

"ဒီကလေးနဲ့တော့လေ ဆင်ခြင်တွေနဲ့"

ဂျန်းနီ လီဆာ့နဖူးလေးကိုဖွဖွလေးတောက်လိုက်တယ်

"အ့ မ ကလည်းနာတယ်ဗျ"

"အပိုတွေဖွဖွလေးလုပ်တာကို"

ဂျန်းနီကဖွဖွလေးတောက်တာကို
မောင်ကသူ့နဖူးသူကိုင်ပြီး
အိုဗာတင်းလုပ်နေတာ

ဂျန်းနီလည်းမောင့်ကိုအမြင်ကပ်တာနဲ့
ခေါင်းကိုနာနာလေးခေါက်ပေးလိုက်တယ်

"အမလေးအမေရဲ့ အခုမှတကယ်နာတာ"

"ဟွန်း ဒါနဲ့ပြောထားရအုန်းမယ်
ဟိုကိစ္စကတကယ် မ နဲ့မဆိုင်ဘူး"

မောင်အဲ့အကြောင်းကိုမေ့ထားတာ
ပြန်လည်းမတွေးချင်ဘူး
ဟိုလူ့ပါးစပ်ကဂျန်းနီပါလို့
ပြောလာပေမယ့်လည်း
မောင်ဂျန်းနီကိုပဲယုံချင်တယ်

"မောင်"(JENLISA//LISOO)Where stories live. Discover now