23(မောင်)

6.3K 506 32
                                    

(Unicode)

Jen ခြံထဲက ဒန်းလေးမှာ တစ်ယောက်တည်း ငိုင်တိုင်တိုင်နဲ့ ထိုင်နေမိတယ်

စိတ်တွေအရမ်းလေးနေခဲ့တယ်

မောင်ကပြန်လည်းမလာသလို ဖုန်းလည်းစက်ပိတ်ထားသည်လေ

"Jennie"

သူမ ခေါင်းလေးမော့ကြီးကြည့်လိုက်သည်

"ဘာပြောစရာရှိလို့လဲJisoo"

Jisooက သူမဘေးကိုဝင်ထိုင်လိုက်သည်

"မနေ့ညက ရန်အကြီးအကျယ်ဖြစ်ကြတယ်ဆို"

သူမ ခေါင်းပဲငြိမ့်လိုက်တယ်

"Soo​လည်းနားမလည်နိုင်တော့ဘူး ဘာလို့အဲ့လူက
Jennieခိုင်းတယ်လို့ပြောလဲဆိုတာ"

"သူပြောတာမှန်နေတယ်လို့ရော မတွေးဘူးလား"

"ဟင့်အင်း Jennieကအဲ့လောက်ထိတော့ မလုပ်နိုင်လောက်ဘူးဆိုတာ Sooသိပါတယ်"

KimJisooကတောင် ငါ့ကိုယုံကြည်ပေးတာလား

ဒါပေမယ့် အဓိကလူဖြစ်တဲ့
မောင်ကတော့ ရက်စက်ပါပေ့

"ရှင်သိရဲ့လား Jisoo"

"ဘာကိုလဲ"

"မောင်ကတော့ Jenကိုမယုံဘူး"

"သူအရမ်းဒေါသထွက်သွားလို့ပါ နောက်ပြီးခံပြင်းသွားတာကြောင့်လည်းပါတယ်"

"Jenအရမ်းနာကျင်ရတယ်Sooရယ်"

Jisooကတော့ အံ့သြနေတယ်

တခါမှမပြောစဖူး JenတွေSooတွေလုပ်နေလို့

"တခြားသူတွေက မယုံကြည်ပေးရင်တောင် မောင်ကတော့ယုံသင့်တယ်လေ Jenကိုအားလုံးထက်ပိုပြီးယုံသင့်တယ်မလား"

"သူစိတ်တွေပြန်တည်ငြိမ်သွားရင်အဆင်ပြေမှာပါ"

"Jenတော့မထင်ပါဘူး သူထားသွားပြီSooရဲ့
သူJenကိုစိတ်ပျက်သွားတာ"

"Jennieရယ်"

Soo သူမလက်လေးကိုဆုပ်ကိုင်မိလိုက်တယ်

"Jenဘယ်လိုလုပ်ရပါ့ သူ့ကိုချစ်လွန်းလို့
ကိုယ့်ကိုယ်ကိုမကောင်းတဲ့သူအဖြစ်ခံပြီးတော့ကို
ချစ်ခဲ့တာလေ အဲ့တာတွေကြောင့် သူအရမ်းပင်ပန်းခဲ့တယ်ထင်တယ်Soo"

"မောင်"(JENLISA//LISOO)Where stories live. Discover now