13(မောင်)

7.4K 546 38
                                    

(Unicode)

"မောင်ဘာလုပ်နေတာလဲ"

"ဒီမှာလေမြက်ခင်းတွေကိုအေးအောင်လို့
ရေဖြန်းနေတာ"

"မောင်ကချစ်စရာကောင်းလိုက်တာ"

အပေါ်ကတီရှပ်အဖြူပါးလေးနဲ့
အောက်ကဘောင်းဘီတိုအဝါလေး
ဝတ်ထားတာကြောင့်
မောင်ကမသိရင်ငါးနှစ်သားလေးကျနေတာပဲ

Jenလည်းအသဲယားလွန်းလို့
ပါးနှစ်ဖက်ကိုကိုင်ကာဖျစ်ညစ်လိုက်မိတယ်

"အ့ နာတယ် Jenရဲ့"

"မောင်ဒီနေ့အိမ်မှာပဲနေမှာမလား"

"အင်း"

"မ ရောပဲ ပိတ်ရက်ကိုအိမ်မှာနားကြတာပေါ့"

"တစ်ခုခုလုပ်စားကြမလားJen"

"ဟင် မောင်စားချင်တာရှိလို့လား"

"အွန်း ရှိတယ်"

"ဘာများလဲ"

မောင်က ဖြန်းလက်စရေပိုက်ကို
မြက်ခင်းပြင်ပေါ်ပစ်ချလိုက်ပြီး

"ဟော့ပေါ့"

"ဘာများလဲလို့မောင်ရယ်
လွယ်လွယ်လေးကိုအိမ်မှာလုပ်စားလို့ရတာပဲ
စျေးသွားဝယ်ကြမယ်လေပြီးရင်"

"တကယ်လုပ်စားမှာလား"

"အင်း မောင်ပဲစားချင်တယ်ဆို"

"ဆိုင်မှာသွားစားလည်း"

"ဟာ ဘာဆိုင်လဲ အိမ်မှာလုပ်စားရင်
တစ်အိမ်လုံးစားလို့ရမယ် ပျော်စရာကြီး
နောက်ပြီး ကြီးကြီးမူကတော်တယ်"

"ဟုတ်ပါပြီ ရေချိုးပြီးမှသွားမယ်နော်"

"အွန်း အာ့ဆို မအရင်သွားချိုးလိုက်မယ်"

"သွားလေ"

သူကရေပိုက်ကိုပြန်ကောက်ယူရင်း
မြက်တွေကိုရေဖြန်းနေပြန်သည်

"Jenဘာလုပ်တာလဲ"

"ဒီလိုလေးနေချင်စိတ်ပေါ်လာလို့"

Jen မောင့်ရဲ့ခါးကိုအနောက်ကနေဖက်လိုက်တာပါ
အဲ့တာကိုမောင်ကအသားမကျသလိုရုန်းနေသေး

"ငြိမ်ငြိမ်နေပေးပါနော်"

"Jenနံမှာစိုးလို့ပါ ချွေးတွေထွက်နေတယ်မလား"

"မောင်"(JENLISA//LISOO)Where stories live. Discover now