9(မောင်)

6.1K 555 29
                                    

(Unicode)

Li သူမနဲ့တွေ့ပြီး
နှစ်ယောက်တည်းအေးဆေးစကားပြောဖို့
ကြိုချိန်းထားသည်......

အဲ့တာကြောင့်Seoul ဆေးရုံကြီးရဲ့ ပန်းခြံက
ခုံတန်းတစ်ခုမှာထိုင်ရင်းစောင့်နေမိသည်

"ကလေး"

ကျစ် အဲ့နာမ်စားကိုခေါ်ဖို့မှမလိုတော့တာ
Soo ဆင်ခြင်သင့်ပြီ နှုတ်ကျိုးနေသလို
ဖြစ်နေတော့ ပြင်ဖို့ခက်သည်လေ

"Soo လာလေဒီမှာလာထိုင်"

သူက ဘေးကနေရာလွတ်ကို
လက်နဲ့ပုတ်ပြရင်း ပြုံးကာပြောနေသည်

ကလေးကိုကြည့်ရတာ ဘာကိစ္စမှမရှိခဲ့သလို
အေးအေးလူလူပါလားနော်....

"ဘာပြောမလို့လဲ"

"ဟိုလေ SooကိုLiသေချာရှင်းပြချင်တယ်"

"ဘာကိုလဲ"

"Liလေ Jenကိုလက်ထပ်ရတယ်ဆိုတာ
ဖေဖေ့ရဲ့လုပ်ငန်းကအခုအရှုံးတွေပေါ်နေပြီး
ဖျက်သိမ်းရတော့မလိုဖြစ်နေလို့ သိလား
အဲ့တာကြောင့် Liလက်ထပ်ဖို့ခေါင်းငြိမ့်လိုက်ရတာ"

သူ့စကားအဆုံးမှာ Sooရှေ့တည့်တည့်က
ချယ်ရီပင်ကြီးကို မျက်နှာမူလိုက်ရင်း
သက်ပြင်းသဲ့သဲ့ ချလိုက်မိသည်

"Sooသိပါတယ် အကြောင်းရှိမယ်ဆိုတာ"

"Liတကယ်တောင်းပန်ပါတယ်
ဒါပေမယ့်လေLiချစ်တာSooတစ်ယောက်တည်း
အဲ့တာတော့ ယုံတယ်မလားဟင်"

သူမ Lisaဘက်ကိုမျက်နှာလှည့်လာပြီး

"Lisa"

သူမဘက်က Lisa လို့ခေါ်လိုက်ခြင်းကြောင့်
သူအနည်းငယ်တော့ ကြောင်အ,နေမိသည်

"မင်းနဲ့Sooကအခုချိန်မှာ
ပြီးဆုံးသွားခဲ့ပြီလေ မင်းချစ်ရမှာJennieကို
Sooကိုချစ်နေဖို့မလိုတော့ဘူးကွယ့်"

"ဒါပေမယ့်လည်း Liမှသူ့ကိုမချစ်တာ"

"ဟင့်အင်း မင်းကသူ့ကို
Sooတို့နှစ်ယောက်ကိုခွဲခဲ့ပြီး
အတင်းအကြပ်လက်ထပ်ဖို့စီစဥ်လိုက်တယ်ဆိုပြီး
မကျေမနပ်ဖြစ်နေတာကြောင့်
မချစ်ဘူးလို့ထင်နေတာပါ"

"Sooဘာတွေပြောနေတာလဲဗျာ...
ဘာလဲ Sooကအဲ့အမျိုးသမီးဘက်ကလား"

"မဟုတ်ပါဘူးLisaရယ်...
Sooကဘာလို့ သူ့ဘက်ကပါရမှာလဲ
သေချာပေါက် မင်းဘက်ကပေါ့"

"မောင်"(JENLISA//LISOO)Where stories live. Discover now