21(မောင်)

6.1K 433 48
                                    

(Unicode)

အခန်းရဲ့လေထုကတော့
အိုးတိုးအန်းတန်းဖြစ်နေတယ်

တစ်ယောက်ကလည်း
ခေါင်းတောင်မဖော်တော့ပဲ
ရှက်နေသလို ကျန်တစ်ယောက်ကလည်း
မျက်နှာချင်းဆိုင်က အရှက်ပိုနေတဲ့
သူမကိုကြည့်မဝဖြစ်နေတယ်

"အဟန့်"

လူနာနဲ့ပတ်သက်ပြီး
ဆွေးနွေးမှဖြစ်အုန်းမယ်လေ

အဲ့တာကြောင့် ကိုယ့်ကိုယ်ကို
ပြန်ထိန်းတဲ့အနေနဲ့ ကျွန်မချောင်းဟန့်လိုက်တယ်

"Jiji ကျွန်မကိုလာတွေ့တာ
အမေ့အကြောင်းမေးမလို့မလား"

"ဟုတ်ပါတယ်ဒေါက်တာ
နောက်ပြီးတော့ အမေလို့မခေါ်ပါနဲ့လား"

"ဘာလို့လဲJiji ကျွန်မက
ရိုသေသမှုနဲ့ခေါ်တာပါ"

သူမ ထပ်ပြောလို့မရအောင်
ရိုသေသမှုလို့ခေါင်းစဥ်တပ်လိုက်ရတယ်

"ဟူး ကောင်းပါပြီ"

"ဒါဆို ကျွန်မအမေ့
ကျန်းမာရေးအခြေအနေကို
စပြောပြပါ့မယ်နော်
သတင်းကောင်းပါပဲ"

"တကယ်လားဒေါက်တာ"

"အွန်း ပန်ကရိယကင်ဆာ
ဖြစ်လာဖို့အစပျိုးနေတဲ့
အကျိတ်လုံးက ပျောက်ကင်းသွားပါပြီ
အဲ့တာကြောင့် ကျောက်ကပ်ပဲကျန်တော့တယ်"

"ဒါဆို မေမေကကင်ဆာမဖြစ်တော့ဘူးပေါ့နော်"

"ဟုတ်ပါတယ်ရှင်"

"ဝမ်းသာလိုက်တာဒေါက်တာရယ်"

"ဝမ်းသာစရာကျန်သေးတယ်"

"ဘာများလဲ ဒေါက်တာ"

"ကျောက်ကပ်က အစားထိုးကုသလို့ရနိုင်တဲ့
အဆင့်ကို ရောက်နေပြီ အဲ့တာကြောင့်
အချိန်ခဏပဲစောင့်ပေးပါ"

"ဒါဆိုမေမေကလုံးဝလူကောင်းဖြစ်တော့မှာပေါ့"

"ဟုတ်တာပေါ့ ကိုက်ညီမယ့်သူကိုတော့
စောင့်ရမှာပေါ့ အချိန်လိုတယ်လေ"

"ဆေးရုံကရော ဆင်းလို့ရပြီလားဟင်"

"နောက်တစ်ပတ်လောက်ဆိုရင်ပေါ့"

"မေမေတော့ပျော်နေတော့မှာ
သူကဆေးရုံကိုမုန်းတယ်လေ"

"ကျွန်မ အမေ့ကိုပြောထားပါတယ်
နောက်ပြီး Jijiကိုလိုက်နေတဲ့အကြောင်းရော"

"မောင်"(JENLISA//LISOO)Where stories live. Discover now