FINAL(မောင်)

11.1K 555 38
                                    

(Unicode)

ဒီနေ့ရဲ့ရာသီဥတုကသာယာမယ့်ပုံ
မိုးလည်းရွာမယ်မထင်ပါ
ဝုန်းခနဲကိုင်လိုက်ရင်တော့ဒုက္ခ

ဟာဝိုင်အီကိုရောက်တုန်းလေး
ကောင်းကောင်းမလည်ရပဲဖြစ်သွားမှာ

ဒီခရီးစဥ်ကဂျန်းနီအတွက်
အဓိပ္ပာယ်တွေအချစ်တွေပြည့်လွန်းနေတာလေ

မောင်နဲ့အတူပထမဆုံး
ခရီးထွက်ဖူးခြင်းလည်းဖြစ်သလို
ဟန်းနီမွန်းသဘောမျိုးလာတာလည်းဖြစ်တယ်

လက်ထပ်ပြီးဟန်းနီးမွန်းမထွက်ရသေးဘူးမလား

"မောင် ထတော့လေကွာ
ညနေစောင်းနေပြီတော်ကြာဖျားသွားမယ်"

မောင်ကမနက်ရောက်တည်းက
အလုပ်ပင်ပန်းတယ်ဆိုပြီးအနားယူနေတာ
အခုညနေတောင်စောင်းတော့မှာမို့နိုးနေရတာ

အလုပ်ပင်ပန်းတာလည်းမပြောပါနဲ့လေ
ဂန်းနမ်အိမ်ရာပရောဂျက်ကစ,နေပြီကိုး

အဲ့တာကိုဂျန်းနီတို့လင်မယားကထွက်ပြေးလာတာ

"ဘယ်အချိန်ရှိပြီလဲ မ"

မျက်လုံးဖြင့်ဖွင့်မကြည့်ပဲ
ဟိုလိမ့်ဒီလိမ့်ရင်းမေးနေတဲ့
မောင်ကဘဲပေါက်လေးအတိုင်းပဲ

"လေးနာရီထိုးတော့မယ်"

"ဟုတ်လား အွန်းမောင်ထပြီနော်"

စကားအတိုင်းတော့ထထိုင်လာပါပြီ
မျက်လုံးကတော့အခုထိမပွင့်

"မောင်အကြာကြီးအိပ်"

"မ ဘယ်လိုတောင်ဝတ်ထားတာလဲဗျာ"

အစကတော့မျက်လုံးကမဖွင့်ချင်သေး
သို့သော်လည်းနည်းနည်းလေးဖွင့်မိပါတယ်

မြင်လိုက်ရတဲ့မျက်စိရှေ့က
ဂျန်းနီကြောင့်ခန္ဓာကိုယ်တစ်ခုလုံး
လျှပ်စစ်စီးသွားသလိုပဲ

အနက်ရောင် ဘီကီနီဝမ်းဆက်ကို
ဝတ်ထားတော့ ဆွဲဆောင်မှုအပြည့်နဲ့

အရမ်းမိုက်တယ်....

"ဟာဝိုင်အီမှာဒီလိုမျိုးတော့နေသင့်တာပေါ့
အဲ့တာကြောင့်လေ မ နဲ့လိုက်ရဲ့လား"

"အရမ်းလှတယ်"

မောင့်အကြည့်တွေမလွဲချင်လောက်အောင်လှရက်တာ

"မောင်"(JENLISA//LISOO)Where stories live. Discover now