11(မောင်)

7.2K 595 50
                                    

(Unicode)

Soo သူ့ကိုမနက်အစောကတည်းက စောင့်နေမိတယ်
မနေ့ညကပြဿနာတက်ထားတော့ Sooရှင်းပြဖို့လိုတယ်လေ....

ဟော ပြောရင်း သူပြန်လာပြီ

"Lisa ပြန်လာပြီလား"

Li သူမရဲ့လက်ကိုခပ်ကြမ်းကြမ်းဆွဲရင်း
ခြံအနောက်ကိုခေါ်လာလိုက်သည်

"ဘာလုပ်တာလဲLisa လွတ်ပါအုန်း နာတယ်"

"Soo လည်းရူးနေလား
ဘာလို့ဒီအိမ်မှာအလုပ်လုပ်ရတာလဲကွာ"

"Sooမှာရွေးချယ်စရာမရှိဘူး
နောက်ပြီး ဒီမှာနေရတာSooအတွက်အဆင်ပြေတယ်
ဘာမှလည်းမလုပ်ရတော့ ပင်ပန်းတာလည်းမရှိဘူး"

"Sooအဆင်ပြေပေမယ့် Liအဆင်မပြေဘူး"

"Lisa မင်းကိုယ့်ကိုယ်ကိုအပြစ်ရှိသလို
ခံယူနေမိတယ်ဆိုရင် အတွေးတွေဖျောက်လိုက်"

"ဟင်"

"Sooတကယ်ဘာမှမဖြစ်ဘူး
Jennieကလည်းနှိပ်စက်တာမျိုးမှမရှိတာ
နောက်ပြီး Sooမှာထားတယ်လေ
သူ့အပေါ်သိပ်မရက်စက်ပါနဲ့ဆို"

"အဲ့အမျိုးသမီးကသိပ်ကိုတရားလွန်နေလို့ပါကွာ"

"အဲ့တာတွေကသူမင်းကိုချစ်လွန်းပြီး
စိတ်မချတာကြောင့်ဖြစ်ရတာပါ"

"မသိဘူးဗျာ Liအဲ့တာတွေမသိချင်ဘူး"

"မင်းသူ့ဆီသွားလိုက်အုန်း
မနေ့ကမင်းထွက်သွားပြီးတည်းက
သူအောက်ဆင်းမလာတာ
အခုထိလည်းမနိုးသေးတဲ့ပုံပဲ"

အချိန်က9နာရီတောင်ကျော်နေပြီကို
သူဘာလို့အခုထိမနိုးသေးတာလဲ

"သူအလုပ်သွားပြီထင်လို့ပြန်လာတာကို"

"အိမ်မှာရှိတယ် Sooသွားတော့မယ်"

Liလည်းအပေါ်ထပ်ကအခန်းကိုအမြန်ပြေးတက်ရင်း
အခန်းတံခါးကိုဖြေးဖြေးချင်းဖွင့်လိုက်တော့...

"ဘယ်ရောက်နေတာလဲ ရေများချိုး"

ကုတင်ပေါ်မှာလည်းမရှိတာနဲ့
အခန်းကမှောင်နေတာကြောင့်
လိုက်ကာတွေဖွင့်နေရင်း

အခန်းထောင့်လေးမှာကွေးကွေးလေးအိပ်ပျော်နေတဲ့

JENNIE KIM

"မောင်"(JENLISA//LISOO)Where stories live. Discover now