Extra

10.8K 423 23
                                    

(Unicode)

ဟိုတယ်တစ်ခုရဲ့ခန်းမထဲမှာ
မီဒီယာသမားတွေရယ်
စီးပွားရေးလုပ်ငန်းရှင်တွေရယ်
အပြည့်အကြပ်ကိုနေရာယူနေကြတယ်

အပြင်အဆင်ကလည်းခမ်းနားလွန်းပြီး အမိုက်စား

ထိုအချိန်မှာထွက်ပေါ်လာတဲ့ အသံတစ်ခုကြောင့်အားလုံးရဲ့မျက်လုံးတွေဟာစင်ပေါ်ကထိုလူဆီမှာ

"အားလုံးပဲမင်္ဂလာပါ
ဒီနေ့ပွဲလေးကိုတက်ရောက်လာပေးတဲ့မီဒီယာတွေ စီးပွားရေးလုပ်ငန်းရှင်တွေပါတနာလုပ်ငန်းရှင်တွေအားလုံးကိုကျေးဇူးတင်ပါရစေ"

J groupရဲ့Ceo JENNIE KIMဟာဆိုရင်
စတိတ်ရဲ့အလယ်မှာလှချင်တိုင်းကိုလှနေတာပါ

သိပ်ပြီးဝတ်လေ့ဝတ်ထမရှိတဲ့
အနီရောင်dressကိုဝတ်ထားတာဖြစ်ပြီး
ဂါဝန်ကပေါင်လယ်လောက်ထိလည်းခွဲထားသေးတယ်

သိပ်ကိုထက်မြက်ပြီးအောင်မြင်နေတဲ့
အမျိုးသမီးတစ်ယောက်မှန်းကြည့်တာနဲ့သိစေတယ်

"ဒီနေ့ပွဲလေးကအားလုံးသိတဲ့အတိုင်း
မကြာသေးခင်ကမှပြီးစီးသွားတဲ့
ဂန်းနမ်အိမ်ရာဖွင့်လှစ်ကြောင်း
မိတ်ဆက်ပွဲပဲဖြစ်ပါတယ်"

"အခုတည်ဆောက်တဲ့ဂန်းနမ်အိမ်ရာဟာ
ဂျန်းအတွက်အဓိပ္ပာယ်ပေါင်းစုံပြည့်နှက်နေတာပါ
ဒီအိမ်ရာစီမံကိန်းကြောင့်ပဲ
ဂျန်းသိပ်ချစ်ရတဲ့မောင်နဲ့တွေ့ခွင့်ရခဲ့တယ်"

ဂျန်းနီပြောနေတဲ့စကားတွေကို
အောက်ကဧည့်ပရိသတ်တွေကလည်း
စိတ်ဝင်တစားရှိကြတယ်

Vipစားပွဲဝိုင်းတစ်ခုရဲ့
ထိပ်ဆုံးမှာနေရာယူထားတဲ့
မောင်ဟာလည်းနှစ်လိုဖွယ်
အဓိပ္ပာယ်အပြည့်ရှိတဲ့
အပြုံးလေးတစ်ခုချိတ်ဆွဲကာ
ဂျန်းနီကိုကြည့်နေတာ

"မောင်ကိုယ်တိုင်ရေးဆွဲထားတဲ့ဒီဇိုင်းလေးနဲ့
ဂျန်းတို့ဆောက်လုပ်ရေးအဖွဲ့သားတွေ
အားလုံးရဲ့ခွန်အားတွေစိတ်စေတနာတွေ
ပေါင်းပြီးတော့ ခြောက်လအကြာမှာ
ဂန်းနမ်အိမ်ရာကြီးဖြစ်ပေါ်လာခြင်းပါ"

"မောင် စင်ပေါ်ကိုတက်ပေးဖို့ဖိတ်ခေါ်ပါရစေ"

မောင်လည်းစင်ပေါ်ကိုတက်လာပြီးအားလုံးကိုအရိုအသေပေးပြီးမှဂျန်းနီအနားသွားတယ်

"မောင်"(JENLISA//LISOO)Where stories live. Discover now