17(မောင်)

7K 468 29
                                    

(Unicode)

"မောင် ဒီရုပ်ရှင်ကြည့်မှာနော်"

သူမက ရုပ်ရှင်အရင်ကြည့်ချင်ပါတယ်ဆိုလို့ သူမအလိုကျ သူရုံကိုအရင်လိုက်ပို့ပေးသည်

ပြဿနာက သူမကြည့်ချင်တာ သရဲကားဖြစ်​နေခြင်းပင် သူကသရဲဆိုသိပ်ကြောက်တတ်တာ ငယ်ငယ်တည်းက

"မောင် ပြန်ဖြေအုန်းလေကွာ"

သူကရုပ်ရှင်ပိုစတာကြီးကိုကြည့်ရင်း ရပ်တန့်နေတာကြောင့် သူမလက်မောင်းကိုထုလိုက်ရသေးသည်

"မ တခြားဇာတ်ကားကြည့်ရအောင် ဟိုမှာလေ
အဲ့တာဆိုRomanceကားလေး"

"မရပါဘူး ဘာလဲမောင်သရဲကြောက်လို့လား"

ဟုတ်တယ် အရမ်းကြောက်တာ

"မကြောက်ပါဘူး ကြောက်စရာလား ကြည့်တာပေါ့"

သူစိတ်ကူးနဲ့လက်တွေ့ကို ဆန့်ကျင်ဘက်အဖြေပေးရင်း လက်ခံလိုက်သည်

သူတော့ဒုက္ခရောက်ပြီလေ

"အတွဲခုံပဲပေးနော်"

"ဟုတ်ကဲ့"

"မောင် ဘာဖြစ်နေတာလဲ လက်တွေလည်းအေးလို့"

"ဟို ဟို အဲကွန်းကြောင့်ဖြစ်မယ်"

"အရမ်းချမ်းနေလား မ နွေးအောင်လုပ်ပေးမယ်"

Jen မောင့်လက်ကိုယူပြီး အာငွေ့လေးပေးနေရတယ်

"ကျေးဇူးတင်ပါတယ် ရုံထဲဝင်လို့ရပြီလား"

"ရပါပြီ"

"သွားမယ်လေ မောင်"

"အွန်း"

အထဲရောက်တော့ ကြော်ငြာတွေတောင် စ,နေလေပြီ

Liတို့လည်းနောက်ဆုံးတန်းက စုံတွဲခုံမှာ ဝင်နေရာယူပြီး မုန့်တွေကိုနေရာချနေရတယ်

"မောင် ပေါက်ပေါက်ဗူးပေး"

"​အင်း ဒီမှာ"

"မ ခွံ့ကျွေးမယ်နော်"

"ဟုတ်ကဲ့ပါဗျ"

မကြာပါဘူး ရုပ်ရှင်စပြီ သရဲကအမ ကိုယ်ဝန်ကြီးနဲ့
အသတ်ခံလိုက်ရပြီး အညိုးအတေးကြီးနဲ့ ဇာတ်ကောင်မျိုး.....

"အား..အား"

"သရဲမကြီး ပေါ်လာပြီ အား"

"ဟိတ် အသံတိုးလေကွာ ငါတို့ကောင်းကောင်းကြည့်လို့မရတော့ဘူး"

"မောင်"(JENLISA//LISOO)Where stories live. Discover now