12(မောင်)

7.4K 538 48
                                    

(Unicode)

Jen မျက်လုံးနှစ်လုံးဖွင့်ပြီး
အိပ်ရာကနိုးလာတဲ့အချိန်
Jenကမောင့်ရင်ခွင်ထဲရောက်နေတယ်ရှင့်

အဟိ ပျော်လိုက်တာ

ဘာဖြစ်ဖြစ်အခုလိုတစ်ကုတင်တည်းအိပ်ရပြီး
မောင့်ရင်ခွင်မှာခိုနားခွင့်ရတာနဲ့တင်
မ ကျေနပ်တယ်မောင်....

"မောင်ဆက်အိပ်လိုက်အုန်းနော် ချစ်တယ်"

သူမက သူ့နှုတ်ခမ်းလေးကိုထိရုံလေးထိလိုက်သည်

ပြီးတဲ့နောက် ရေချိုးခန်းထဲဝင်သွားလေရဲ့....

"ဒီအမျိုးသမီးနဲ့တော့ လူကိုမသိဘူးထင်ပြီး
နမ်းသွားသေးတယ် ဘယ်လိုလေးမှန်းမသိ"

Liနိုးနေတာကြာပါပြီ မထသေးဘူးဆိုတာက
ရင်ခွင်ထဲကနှုတ်ခမ်းလေးစူထွက်ပြီး
နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့ သူမကြောင့်

Liကြောင့် မ အိပ်ရေးပျက်မှာစိုးလို့ပါ

အဲ့တာကိုသူမကအိပ်နေတယ်အထင်နဲ့
မနက်ခင်း နူးညံ့တဲ့အထိအတွေ့လေးပေးသွားသေးသည်

🎶Please don't be inlove with someone else.....

"အမလေး မောင်ရယ်လန့်သွားတာပဲနိုးနေပြီပေါ့"

Jenရေချိုးပြီးသီချင်းလေးညီးကာထွက်လာရင်းက
ကုတင်ခြေရင်းမှာထိုင်နေတဲ့ မောင့်ကြောင့်
အတော်လန့်သွားရတယ်

"အဲ့လောက်တောင်လူကကြောက်ဖို့ကောင်းနေလို့လား"

"ဖြစ်စရာလား မရဲ့မောင်ကဒီလောက်
ကြည့်ကောင်းတာကို"

သူမက သူ့ရဲ့နဖူးပေါ်မှာ ဟိုတစ်ပင်ဒီတစ်စ
ကျနေတဲ့ဆံနွယ်လေးတွေကို
ထိကိုင်နေရင်း ပြန်ပြောသည်

"အဝတ်အစားအမြန်ဝတ်တော့လေ အအေးပတ်မယ်"

Liရင်ထဲ ပူလောင်နေသလိုပဲ
အဲကွန်းလည်းဖွင့်ထားပါလျက်နဲ့

မ ကအရမ်းSexyကျလွန်းနေသလို
မဟုတ်သေးပါဘူးလေ သူ့ဘာသာသူ
ရေချိုးထားလို့ တပတ်လေးပတ်ထားတာကို
ငါကဘာဖြစ်နေတာလဲကွာ.....

အတိုင်းသားမြင်နေရတဲ့ ရင်ညွန့်ရိုးလေး
လူကိုရူးစေတယ်နော် မချစ်သလိုနေနေရတာ
အတော်ဆိုးတာပါလားကွာ

"မောင်"(JENLISA//LISOO)Where stories live. Discover now