Chapter - 22

3.5K 365 109
                                    

Unicode
~~~~~~~~

" သူဌေး ... အခြေနေမကောင်းတော့ဘူး "

လက်ထောင်မန်နေဂျာက ရုံးခန်းထဲသို့ ပြေးဝင်လာပြီး နှဖူးကချွေးတွေကို လက်ဖြင့်ဖယ်ရှားလိုက်ရင်း ဧကရာဇ်ရှေ့သို့ စာရွက်စာတန်းတစ်ချို့ ချပြလိုက်သည် ။

" ဒါက ဘာလဲ "

" မနေ့က သူဌေးကျွန်တော့ကိုပေးခိုင်းလိုက်တဲ့ နမူနာမူကြမ်းက အမှားကြီးဖြစ်နေတယ် "

" ဘာ !! "

ဧကရာဇ်မောင်က ဖိုင်ကိုချက်ချင်းယူကြည့်လိုက်သည် ။ ဧကရာဇ် ဥက္ကဌမဖြစ်ခင်က ဒီဇိုင်းဌာနမှာအလုပ်လုပ်ဖူး၍ ယခုအရေးကြီးသည့် အိမ်ဆောင်အတွက် ဒီဇိုင်းကို ကိုယ်တိုင်ရေးဆွဲပြီး အိမ်ယာဈေးကွက်မှာ နာမည်တစ်ခုရယူဖို့ ကြိုးစားရေသည် ။

ကိုယ်တိုင် ဥက္ကဌ ကိုယ်တိုင်ဒီဇိုင်းရေးဆွဲသူဖြစ်သည့်အပြင် သူ့ရဲ့ဒီဇိုင်းအပေါ်မှာလဲ ယုံကြည်မှုအပြည့်ရှိသည် ။ ဒီတစ်ခေါက် မြေဝယ်ယူသူက အရာရှိတစ်ဦးရဲ့သမီးဖြစ်ပြီး သူမတို့ဇနီးမောင်နှံရဲ့အိမ်တော်ဒီဇိုင်းကိုပါ ဧကရာဇ်တို့ကုမ္ပဏီထံ ယုံကြည်စွာအပ်နှံထားပြီး အကောင်းဆုံး ပြုလုပ်ပေးဖို့မှာကြားထားသည် ။

ဧကရာဇ်မောင်က သူဒီဥက္ကဌရာထူးရပြီးနောက် အိမ်ယာတည်ဆောက်ရေး၌ ဘယ်အရာမှလွယ်ကူမှုမရှိ လက်အောက်ငယ်သားတွေရဲ့ အမှားအယွင်းများစွာကိုသာ ဖြေရှင်းပေးနေရ၍ ဒီတစ်ခေါက်တော့ ဘယ်သူ့ကိုမှမခိုင်းပဲ သူကိုယ်တိုင်ရေးဆွဲခဲ့သည် ။

ထိုအရာက ပြီးဆုံးခါနီးမှ ထပ်မံလွဲမှားသွားပြန်သည် ။ သူ့ရဲ့နမူနာနေရာမှာ သာမန်အိမ်တစ်လုံးရဲ့နမူနာရှိနေသည် ။

" ဒါက ဘယ်လိုဖြစ်တာလဲ ... ငါဆွဲထားတဲ့နမူနာကို ပေးခိုင်းခဲ့တာမဟုတ်လား "

" သူဌေးပေးတဲ့ဖိုင်ပါပဲ ... ဒါပေမဲ့ ကျွန်တော်ဝယ်ယူသူရဲ့လက်ထောက်နဲ့ ဒီဇိုင်းအတွက်ဆွေးနွေးဖို့သွားတော့ နမူနာမူကြမ်းကမှားနေတယ် "

ပုန်းကွယ်နေသောချစ်ချင်းတရား ' ကုမုဒြာ ' ( Myanmar OC ) 🚨🔞🚨Where stories live. Discover now