ဒါလေးကို အရင်ဖတ်ပေးပါ။

29.9K 433 65
                                    

Long time no see ပါ ကျွန်တော့်Readerလေးတို့ရေ။

ကျွန်တော် Ongoing တွေနဲ့အသစ်တွေကိုမရေးနိုင်သေးလို့ အဟောင်းကလေးတစ်ခုကိုပြန်တင်ပေးမယ်နော်။

ဟုတ်ကဲ့...2018 တုန်းက ရေးခဲ့တဲ့ Rom-Com ဇာတ်လမ်းကလေးတစ်ပုဒ်ဖြစ်ပါတယ်။

ပေါ့ပေါ့ပါးပါးနဲ့ ရယ်လည်းရယ်ရမယ့်ဇာတ်လမ်းကလေးမို့ ဖတ်ရင်းနဲ့ စိတ်အပန်းဖြေနိုင်လိမ့်မယ်ထင်ပါတယ်။

Story လေးကို Preview အနေနဲ့ပြောရရင်တော့

ဘဝင်မြင့်မြင့်,ရုပ်ချောချော,နိုင်ငံကျော်ထိပ်တန်းရုပ်ရှင်မင်းသား ရှိုင်းနဲ့

ဘဝကိုရိုးသားစွာရုန်းကန်ဖြတ်သန်းပြီး,မိသားစုကိုလည်းထောက်ပံ့,သူမမှန်တယ်ထင်ရင်ဘယ်သူ့ကိုမှဂရုမစိုက်တတ်သောဂွစာမလေး မှုံးခက်သာပေါ့။

ဘဝင်မြင့်တာ,မူယာမာယာများတာတွေ,သူဌေးသားတွေဆို တစ်စက်မှအထင်မကြီးတဲ့ အလုပ်ကြိုးစားတဲ့ကောင်မလေးနဲ့

နိုင်ငံရဲ့နံပါတ်၁မင်းသားဖြစ်နေတာကြောင့် တစ်နိုင်ငံလုံးသူ့ဘက်မှာရှိနေတယ်ဆိုပြီး ကိုယ့်ကိုကိုယ်အထင်ကြီးတဲ့ကောင်လေးနဲ့မို့ တကယ့် ဘုနဲ့ဘောက်ပါပဲ။

တစ်ယောက်နဲ့တစ်ယောက်မတွေ့လိုက်နဲ့တွေ့လိုက်တာနဲ့တကျက်ကျက်ရန်ဖြစ်နေကြတဲ့ သူတို့၂ယောက် ဘယ်လိုချစ်သွားကြမယ်ထင်သလဲ?

မှုံးဟာအူကြောင်ကြောင်နိုင်ပေမဲ့ ဘဝင်မြင့်တဲ့ရှိုင်းကိုတော့ဘယ်လိုပညာပေးအနိုင်ပိုင်းမလဲ?

ငါသည်သာအတော်ဆုံးဆိုတဲ့ကိုရွှေမင်းသားကရော ဒီလိုအူတိအူကြောင်မလေးကို အရှုံးပေးပါ့မလား?

ဟာသဆန်ဆန်ပေါ့ပေါ့ပါးပါးကလေးကို Romantic ဖြစ်အောင်ဖတ်ရှုရမှာပါ။

ဒီတော့,တစ်ခါတစ်လေရယ်လိုက်ရ, ကိုရွှေမင်းသားကရုတ်တရက်ကြီး Roပြတဲ့အခါ အသည်းယားလိုက်ရ, အပြင်စောင်ပါကိုက်ပြီးဖတ်ရမယ့်ဇာတ်လမ်းကလေးပါ။

လူငယ်ဆန်ဆန်ဇာတ်လမ်းကလေးကိုတော့ နေ့တိုင်းUpdate မှန်မှန်တင်ပေးပါ့မယ်။

ကျေးဇူးတင်ပါတယ်ရှင့်။

♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥

















သူ့ကိုမှ ချစ်မိခိုက် (OC)Where stories live. Discover now