Part (21) Uni/Zawgyi

4.9K 210 12
                                    

သူ့ကိုမှချစ်မိခိုက်
အပိုင်း(21)

မှုံး အိမ်ပြန်ရောက်ပြီးသကာလ

"အန်တီလေး မှုံး ပြန်ရောက်ပြီ"

TVဇာတ်လမ်းတွဲကြည့်နေသည့် ဒေါ်မြတ်လေးက မှုံးကိုအကဲခတ်ကြည့်ရှုလျှင်

"ဒီနေ့ပင်ပန်းလာတယ်ထင်တယ်"

"အများကြီးတော့မဟုတ်ပါဘူး မှုံးအိပ်တော့မယ်နော်"

"အေးအေး အနားယူလိုက်"

သူမ ရဲ့အခန်းကျဉ်းလေးထဲက တစ်ယောက်အိပ် ကုတင်လေးပေါ်သို့ ထိုင်ချလိုက်ရာ
သူမရဲ့အ၀တ်အစားတွေကိုပင်မလဲရသေး။

"message တစ်ကြောင်းတည်းနဲ့ ဖြတ်ခဲ့တာ"

သူမ လေသံတိုးတိုးနဲ့ရွတ်လိုက်မိသည်။

"သူအဲ့အချိန်တုန်းကအရမ်းခံစားရမှာပဲ ၄နှစ်တောင် အတူရှိနေခဲ့ပြီးမှ messageတစ်ကြောင်းလေးနဲ့ "

သူမ မျက်နှာညှိုးနေသည်ကအမှန်ပင်
ရုတ်တရက်ဖုန်းကထမြည်လိုက်ရာ
သူ့ဆီကဆိုတာသိလိုက်၏။ ဖုန်းကိုနားနားကပ်လိုက်သည်က လေးတွဲ့လွန်းသည်။

"မှုံး အိပ်နေပြီလား"

"ဟင့်အင်း"

"ဘာလုပ်နေလဲ"

"ဒီတိုင်းပဲ "

"မတွေးပါနဲ့ အဲ့အကြောင်းတွေ အလကား စိတ်ရှုပ်မခံနဲ့"

"မတွေးနဲ့ဆိုပေ မဲ့ နင်အဲ့ချိန်မှာ တော်တော်ခံစားခဲ့ရမှာပဲ"

"အဲ့ဒီအကြောင်းတွေကိုထပ်မပြောရင်ကောင်းမယ် မင်း ငါ့အကြောင်းပဲတွေးပြီး ငါ့ကိုပဲချစ်နေပေးပါ အခုချိန်မှာ ငါ့နှလုံးသားထဲမှာ မင်းကလွဲပြီးမရှိဘူး ဘယ်သူ့ကိုမှ၀င်ခွင့်ပေးမှာလည်းမဟုတ်ဘူး အဲ့တာကြောင့် မင်း ငါ့ကိုသူ့ဆီထွက်သွားမှာစိတ်ပူနေရင်လည်း စိတ်ချလိုက် "

"ဟင့်အင်း ငါ နင်ထွက်သွားမှာကိုစိတ်မပူဘူး ငါယုံတယ် နင် ငါ့ကိုခွဲမသွားဘူးဆိုတာ "
"
အဲ့တာဆို စိတ်ညစ်စရာတွေ ခေါက်ထားလိုက် ငါ့ကိုချစ်နေပေး"

"ဘယ်သူကမချစ်နေလို့လဲ"

"သေချာတာမှမဟုတ်တာ "

သူ့ကိုမှ ချစ်မိခိုက် (OC)Where stories live. Discover now