Part (30) Uni/Zawgyi

4.2K 164 13
                                    

သူ့ကိုမှချစ်မိခိုက်
အပိုင်း(30)

"မှုံး"

"ရှင်"

သူမရဲ့အခန်းထဲမှ ထွက်လာရင်း

"အန်တီလေး အရမ်းစိတ်မပူပါနဲ့ "

"ဒါပေမဲ့ သမီးရယ် အမေ ကိုယ်တိုင်က သူ့ကိုကျောက်ကပ်အစားထိုးပေးတာ ကိုယ့်သမီး မှန်းမသိတာမဟုတ်သေးဘူးလေ"

"နောက်မှ မေမေ နေကောင်းသွားမှ ပြောပြမယ် အန်တီလေး အဲ့ဒီအချိန်ထိတော့ လျှို့ဝှက်ပေးထားပါနော်"

"အင်း အင်းပါ  ဘယ်အချိန်စမယ်လို့ပြောလိုက်လဲ ဆရာ၀န်က စောင့်နေရဦးမယ်"

"ဆရာ၀န်က သမီး သူငယ်ချင်းပါ သူ့ကိုလည်းပြောပြပြီးသား"

"အေးပါ  မိနိုးလည်း လာမယ်ပြောတယ် ဝေယံကိုကျောင်းပို့ပြီးရင်"

"ဟုတ် "

"သွားရအောင်လေ "

"ဟုတ် သမီး အိမ်သော့ခက်ခဲ့မယ် အန်တီလေး သွားနှင့်"

"အေး  Taxi ငှားထားနှင့်မယ်"

မှုံး သူမရဲ့ အိတ်ကလေးကိုလွယ်ကာ
ဖုန်းထုတ်လိုက်ပြီး ဖုန်းscreenထိပ်ဆုံးမှာရှိနေသည့် သူ့နာမည်လေးကိုလက်မလေးဖြင့်ဖိလိုက်၏။

"ရှိုင်း"

"အွန်း ကိုယ်အခုပဲဖုန်းဆက်တော့မလို့"

"ငါ အခုဆေးရုံသွားတော့မယ်"

"ကိုယ်လာခဲ့မယ်"

"ဟင့်အင်း"

"ဘာလို့လဲ ကိုယ့်ချစ်သူတစ်ယောက်လုံး..."

"နင့်မှာ နင့်ကိစ္စတွေတောင် ပြီးအောင်မဖြေရှင်းရသေးတာ ငါ့ကိုဘာလို့လာတွေ့မှာလဲ"

"ဘာတွေပြောနေတာလဲ မသိဘူး လာမှာပဲ"

"နင် အဲ့လိုဇွတ်တွေမလုပ်စမ်းပါနဲ့ အခုနင်ကအပြင်တောင်ထွက်လို့မရတဲ့အခြေအနေကို နင့်အိမ်အောက်ကိုအရင် ငုံ့ကြည့်လိုက်ဦး"

"သိတယ်   fan groupတွေ အများကြီးပဲ"

"အဲ့တာကို နင်ကဘယ်လိုလုပ်ပြီးထွက်လာမှာလဲ"

"ဘာပဲဖြစ်ဖြစ်"

"ကဲပါ ငါ ရန်မဖြစ်ချင်ဘူး စိတ်မပူနဲ့ ခွဲစိတ်တာပြီးသွားရင် နင့်ကိုဖုန်းဆက်ခိုင်းလိုက်မယ်  "

သူ့ကိုမှ ချစ်မိခိုက် (OC)Where stories live. Discover now