Part (12) Uni/Zawgyi

4.9K 213 14
                                    

သူ့ကိုမှချစ်မိခိုက်
အပိုင်း(12)

"အဟင်း  မစိမ့် ကျွန်တော်နဲ့ခဏလိုက်ခဲ့"

မှုံး သန့်ရှင်းရေးလုပ်နေစဉ် ရှိုင်းက မစိမ့်ကို စကားပြောရန် သူမနဲ့ဝေးတဲ့နေရာသို့ခေါ်သွား၏။

"ရော့"

မစိမ့်တစ်ယောက် ရှိုင်း ပေးလိုက်တဲ့ ကဒ် ကိုကြည့်၍

"ဒီကဒ်က ဘာလုပ်ဖို့လဲအစ်ကိုလေး အသစ်ပဲရှိသေးတယ် လေ"

"ခဏနေရင် ဟိုတစ်ယောက်ကိုခေါ်သွားပြီး အ၀တ်အစား၀ယ်ပေးခဲ့"

"ရှင်"

"ငါ့ရဲ့လက်ထောက်မန်နေဂျာကို ဒီလို ပုံစံနဲ့ထားရမှာလား"

"အာ  ဟုတ်သားပဲ ကျွန်မ စီစဉ်လိုက်ပါ့မယ် "

"အင်း "

ရှိုင်းသည် မစိမ့်ကိုသူဖြစ်စေချင်တာပြောပြပြီးနောက် သူ့အခန်းထဲပြန်၀င်သွားပြီး ပြန်အိပ်လေသည်။

"မှုံး "
"ဟုတ် မစိမ့် "

"အစ်မနဲ့လိုက်ခဲ့"

"ဘယ်ကိုလဲအစ်မရဲ့ မှုံးကလိုက်ချင်တိုင်းလိုက်လို့ရတာမဟုတ်ဘူး ဟိုဘဝင့်မြင့်တဲ့မင်းသားလေးကဆူနေဦးမယ်"

"အစ်ကိုလေးဆီကခွင့်ရပြီးသား ညီညီ ငါတို့ကိုလိုက်ပို့"

" ကျွန်တော် ကားထုတ်ထားနှင့်မယ်"

"မစိမ့် ဘယ်ကိုခေါ်သွားမလို့လဲ"

"ရောက်ရင်သိမှာပေါ့ လာပါ "

မစိမ့်က သူမကိုအတင်းဆွဲခေါ်သွားတာကြောင့် သူမလည်း ဘာမသိညာမသိနဲ့ ပါသွားရလေသည်။ အခုကားရပ်လိုက်နဲ့နေရာဟာ အထပ်ပေါင်းများစွာရှိနေသောSupermarket ရှေ့၌ဖြစ်သည်။

"မစိမ့် ဘာလုပ်မလို့လဲ"

မစိမ့်ကတော့မှုံးအကြောင်းသိပြီးသားမို့ သူမကိုအဝတ်အစားဝယ်ပေးမလို့ဟုသာပြောလိုက်လျှင်ချက်ချင်းအိမ်ပြန်ပြေးမည်ဖြစ်သဖြင့်ဘာတစ်ခွန်းမှပြန်မဖြေဘဲဇွတ်ဆွဲခေါ်လာပါသည်။

"မှုံး ဒါလေးလှလား"

"အင်း လှသားပဲ"

မစိမ့်က အထည်ဆိုင်မှသူမျက်စိထဲတိုးသမျှအင်္ကျီအချို့ကိုမှုံးအားပြပြီး မှုံးကကြိုက်တယ်ဆိုပါလျှင်ဆိုင်ဝန်ထမ်းလက်ထဲသို့ထည့်သည်။

သူ့ကိုမှ ချစ်မိခိုက် (OC)Where stories live. Discover now