Part (9) Uni/Zawgyi

4.7K 229 24
                                    

သူ့ကိုမှချစ်မိခိုက်
အပိုင်း(9)

မှုံးဒီနေ့အိမ်ပြန်နောက်ကျ၍ ရှိုင်းရဲ့အပြုအမူကြောင့်စိတ်မကြည်တဲ့ကြားထဲမှာ အိမ်သို့ရောက်လျှင်ရောက်ချင်းမြင်လိုက်ရသောမြင်ကွင်းက သူမကိုပို၍စိတ်ထိခိုက်စေသည်။
အန်တီလေးကလည်းမျက်နှာမကောင်း
​မြတ်နိုးက ဝေယံရဲ့မျက်နှာကဒဏ်ရာတွေကိုဆေးထည့်ပေးနေ၏။

"ဟင် မောင်လေး  ဘာဖြစ်တာလဲ မျက်နှာမှာလည်းဒဏ်ရာတွေနဲ့ ဘာဖြစ်ထားကြတာလဲပြောကြပါဦး"

"မှုံးရေ ငါတို့ ဘယ်လိုဖြေရှင်းကြမလဲ ဘယ်လိုလုပ်ကြမလဲ"
အန်တီလေးက ငိုရင်းပြောလာလေသည်။

"ဘာဖြစ်လို့လဲ ဘာလို့လဲအန်တီလေးရဲ့"

"ဝေယံက ကျောင်းမှာရန်ဖြစ်တယ် "

"ဟင်"

"သူနဲ့ရန်ဖြစ်တဲ့ကျောင်းသားက လက်ကျိုးသွားတယ် တဲ့"

"ဟယ် ဝေယံနင်ဘယ်လိုလုပ်တာလဲ နင့်ကိုရန်မဖြစ်နဲ့လို့ ငါမမှာထားဘူးလား"

"သား ကိုသူတို့ကမရင်လာစတာကို ဟီးအီး "

"အန်တီလေး ဆက်ပြောပါဦး "

"ခုနကအလျော်လာတောင်းသွားတယ် ဖြစ်ချင်တော့ ဝေယံနဲ့ရန်ဖြစ်တဲ့ကောင်လေး အဖေ ကအရင်တုန်းက ငါတို့အကြွေးရှင်ပဲ"

"ဟင် ဟိုလူကြီးလား သူ့အကြွေးတွေကုန်အောင်ဆက်ပြီးပြီလေ"

"၇သိန်း"

"ဟင်"

"အလျော် ၇သိန်းတောင်းသွားတယ် "

မှုံး စွံ့အသွား၍

"နေပါဦး လက်ကျိုးတာ က....."

"အရင်က အငြိုးကြောင့်လည်းပါတယ် "

"စိတ်မပူပါနဲ့ မှုံး ဒီနေ့ လစာရတယ် ၃သိန်း "

"ငါ့မှာ၂သိန်းရှိတယ် "

မြတ်နိုးကဆေးထည့်ပေးရင်း ပြောလိုက်လျှင်

"အန်တီလေး ဘာမှစိတ်မပူပါနဲ့ ၅သိန်းတောင်ရနေပြီပဲ အန်တီလေး ဆီမှာရော နည်းနည်းပါးပါးမရှိဘူးလား "

"အားလုံးပေါင်းကြည့်ရင် တစ်သိန်းတော့ရှိမယ် "

"၁သိန်းပဲလိုတော့တာ  စိတ်မပူပါနဲ့ မှုံးရအောင်ရှာပေးမယ် "

သူ့ကိုမှ ချစ်မိခိုက် (OC)Where stories live. Discover now