Part (1) Uni/Zawgyi

16.2K 359 21
                                    

သူ့ကိုမှချစ်မိခိုက်
အပိုင်း(1)

"ရှင် လမ်းခွဲမယ်ဆိုတိုင်းသဘောတူပေးရမှာလား"

"......."

"ဒီဇာတ်လမ်းကို စခဲ့တာဘယ်သူလဲ"

"ငါစခဲ့တာ အဲ့တာကြောင့်ငါကိုယ်တိုင် ပြန်ပြီး အဆုံးသတ်နေတာ"

"ကျွန်မကိုတကယ်မချစ်ခဲ့ဘူးလား"

"ငါချစ်ခဲ့ရင်အခုချိန်မှာမင်းမျက်ရည်ကျမှာမဟုတ်ဘူး "

"ကို...ကိုကို...အဟင့် ဟင့် "

တားဆီပိုင်ခွင့်မရှိတော့တဲ့ လူတစ်ယောက်ကို ဒီအတိုင်းပဲ လွှတ်ပေးလိုက်သင့်သည်။

"ကတ်...."

ဒါရိုက်တာကြီးက ကင်မရာရှေ့မှထလိုက်သည်နှင့် ခုနက လမ်းခွဲခန်းကိုသရုပ်ဆောင်ခဲ့သူနှစ်ဦး ထဲမှ မိန်းကလေးဖြစ်သူက ပြေးလာ၏။

"ဘယ်လိုနေလဲ ဒါရိုက်တာကြီး ကျွန်မအဆင်ပြေရဲ့လား "

"အားလုံးကောင်းတယ် မင်းသမီးက အရင်ကတည်းကသရုပ်ဆောင်ကောင်းပြီးသားပဲ"

"အဟင်း ဒါရိုက်တာကြီးက ချီးကျူးနေပြန်ပါပြီ ကျေးဇူးတင်ပါတယ် ကျွန်မတော့ ညနေစာဝယ်ကျွေးရတော့မယ်ထင်တယ်"

"ဟဟဟ မဟုတ်ပါဘူး ဗျာ "

သရုပ်ဆောင်ထားတဲ့အခန်းကို ပြန်ကြည့်နေရင်း

"အဟမ်း"

ချောင်းဟမ့် သံကြားလို့ ၂ယောက်လုံးမော့ကြည့်လိုက်တော့

"အာ..မင်းသား "

"ကျွန်တော့်အခန်းတွေပြီးပြီတင်တယ်"

"ဟုတ်တယ် မင်းသား ပြန်လို့ရပြီ  မင်းသမီးကတော့ တစ်ခန်းကျန်သေးတယ်"

ထိုအခါ သူက ဘယ်သူ့ကိုမှနှုတ်မဆက်ပဲ ချက်ချင်းဆိုသလိုလှည့်ထွက်သွားလေသည်။
ဒါရိုက်တာဦးလေးကြီးက မင်းသားရဲ့ကျောပြင်ကိုခပ်မဲ့မဲ့နဲ့ကြည့်နေရင်း

"ကျစ် ကျစ် ကျစ် ရုပ်ခံလေးနဲ့ producerကုမ္ပဏီက မိဘပိုင်လို့သာ မင်းသားဖြစ်လာတာ နည်းနည်းလေးမှယဉ်ကျေးမှုမရှိဘူး မင်းသမီးလည်း သူနဲ့သရုပ်ဆောင်ရတာ ခက်ခဲမှာပဲ ဒါပေမဲ့သည်းခံပေးပါ ရိုက်ရမယ့်အခန်းလည်းသိပ်မကျန်တော့ပါဘူး"

သူ့ကိုမှ ချစ်မိခိုက် (OC)Where stories live. Discover now