သူ့ကိုမှချစ်မိခိုက်
အပိုင်း(19)ကြားနေကျ နှိုးစက်သံလေး ပြန်ကြားလာခဲ့ရတဲ့ ဒီနေ့။ မျက်လုံးဖွင့်ကြည့်လိုက်လျှင် ကိုယ့်အိမ်မှာမို့ အရမ်း၀မ်းသာသွားသည်။
အတွေးထဲမှာပေါ်လာတဲ့ သူနဲ့ကိုယ်ကချစ်သူဖြစ်သွားပြီဆိုတာ။ အိပ်မက်လား တကယ်လား မယုံနိုင်သေးတဲ့အခြေအနေ။
အိပ်ခန်းထဲမှ အပြင်ထွက်လာရင်း ရေချိုးခန်းထဲတွင် သွားတိုက်နေသော မမနိုး သူမဘေးမှာ ကိုယ်လည်းသွားတိုက်ရင်း
ဘာာလဲအိပ်မက်မဟုတ်ဘူးလား ငါနဲ့သူက ချစ်သူဖြစ်နိုင်စရာမရှိပါဘူး ငါ အိပ်မက်ဟုတ်မဟုတ် သေချာစစ်ကြည့်ရမယ်။
သူမ ကိုယ့်ပေါင်ကို လက်သည်းဖြင့် ဆွဲစိတ်လိုက်ပြီး
အာ.. မနာဘူးပဲ ငါထင်ပါတယ်အိပ်မက်ပဲဖြစ်ရမယ် သူမ သွားတိုက်ရင်းပြုံးနေသော်လည်း
"အား.....မှုံး. နင်ဘာလို့ ငါ့ပေါင်ကို စိတ်တာလဲ နာလိုက်တာဟာ"
"ဟင် ဟင် မမနိုးပေါင်လား sorry sorry မှုံး က မှုံးပေါင်ထင်လို့ စိတ်ကြည့်တာ အရမ်းနာသွားလား "
"ရတယ် ပြီးမှကြည့်ပြီး ဆေးလိမ်းလိုက်မယ် နင်လည်းအခုရက်ပိုင်း မူမမှန်ဘူးနော် "
ဟာ ဘာလဲ ဒါဆိုရင် တကယ်ပေါ့ ငါ သူနဲ့.....အား... ငါသေပြီ
သူမ မျက်နှာသစ်ပြီးလျှင် အလုပ်သွားဖို့ ပြင်ဆင်ပြီး ထွက်လာခဲ့သည်။
"မှုံး သမီး"
"ဟုတ် အန်တီလေး ဘာပြောမလို့လဲ"
"အဆင်ပြေလား မကေသီ နဲ့တွေ့ခဲ့တာ"
မှုံး မျက်နှာလေး အောက်ငုံ့သွားပြီး
"ဒီလိုပါပဲ"
"သမီးက ထထွက်သွားလို့တဲ့ တစ်ခုခုဖြစ်မှာစိတ်ပူနေတာ"
"အန်တီလေး"
"အင်း"
"အိမ်လိပ်စာလေးဘာလေးမသိဘူးလား အာ.. သမီး မေးထားတာကို မေမေ့ကိုပြန်မပြောပါနဲ့နော်"
"ရှိတယ် ရှိတယ် အင်း အန်တီလေးပြန်မပြောပါဘူး ခဏနော် သွားရှာလိုက်ဦးမယ်"