Part (24) Uni/Zawgyi

4K 162 1
                                    

သူ့ကိုမှချစ်မိခိုက်
အပိုင်း(24)

ရှုတင်ကိုအရင်မသွားပဲ ကုမ္ပဏီသို့အရင်၀င်ခဲ့သည်။ အဖေသတိရပြီဆိုတာ ခန့်မင်းရှိန်ကိုပြောပြဖို့အတွက်ဖြစ်ပြီး အစည်းအဝေး ရှိသည်မို့ ရုံးခန်းထဲမှာထိုင်စောင့်နေရင်း

"အား ပျင်းလိုက်တာ ဒီချိန်ဆိုသူ အိမ်ပြန်သွားပြီလားမသိဘူး"

ရှိုင်း ဖုန်းကိုနားကြပ်ကြိုးထိုးလိုက်ကာ
နားထဲသို့ နားကြပ်ထည့်လိုက်ရင်း သူ့ဖုန်းကိုဖွင့်လိုက်ပြီး Wallpaerနေရာမှ ရှုခင်းပုံကို ကြည့်ရင်း

"ကျစ်....wallpaperပြောင်းရရင်ကောင်းမလား"
galleryထဲသို့၀င်၍ Date တုန်းကရိုက်ထားတဲ့ သူနဲ့မှုံးကို

"ချစ်ဖို့ကောင်းလိုက်တာ"

wallpaper changeလိုက်ပြီးသူမပုံလေးတွေကိုကြည့်ရင်း တစ်ပုံပြီးတစ်ပုံဆွဲရာ  ရောက်ရှိလာတဲ့ သူနဲ့စန္ဒီရဲ့ပုံ။ တံခါးမခေါက်ပဲ၀င်လာတဲ့ ခန့်မင်းရှိန် ရှိုင်းကို နှုတ်ဆက်ရန် ပြုပေမဲ့
သူ့ဖုန်းထဲမှမြင်နေရတဲ့ ဓာတ်ပုံကြောင့် ငြိမ်သက်သွား၏။ ရှိုင်းတစ်ပုံချင်းဖျက်ရင်း ကုန်သွားသည့်အခါ ဖုန်းကိုပိတ်လိုက်လျှင် နားကြပ်ကိုပါဖြုတ်လိုက်မှ ကိုခန့်ရောက်နေမှန်းသိ၏။

"ကိုခန့်"

ခန့်မင်းရှိန်ရဲ့ပုံစံကိုကြည့်ရုံဖြင့် ပုံတွေကို မြင်လိုက်သည်ဟု သိနိုင်သည်။

"မင်း ငါ့ကို စန္ဒီနဲ့လက်မထပ်စေချင်တာ အဲ့တာကြောင့်ဆိုတာ ငါအခုမှသဘောပေါက်တယ်"

"အဲ့ အဲ့လိုမဟုတ်ဘူးကိုခန့်  မဟုတ်ဘူး ကျွန်တော်ရှင်းပြတာကိုနားထောင်"

"ငါသဘောပေါက်နေပြီ ဘာမှရှင်းပြစရာမလိုဘူး စောစောကတည်းက ပွင့် ပွင့်လင်းလင်းပြောပါ့ကွာ ငါမေးခဲ့သားနဲ့"

"အဲ့တာ အတိတ်က ကျွန်တော်နဲ့စန္ဒီ၀င့်ကအခုဘာမှမဆိုင်တော့ဘူး ပြီးပြီးသားတွေ "

"အဲ့တာဆိုမင်းဘာလို့ အစောကတည်းကမပြောတာလဲ ဘာလို့ စေ့စပ်ပွဲကိုမဖြစ်စေချင်ရတာလဲ မင်းနဲ့ပြီးပြီဆို"

"ကိုခန့် သူနဲ့လက်ထပ်လိုက်ရင်မှားမှာပေါ့ သူဘယ်လိုမိန်းမလည်းဆိုတာ ကျွန်တော်အသိဆုံး ကိုခန့်ကိုသူမချစ်ဘူး"

သူ့ကိုမှ ချစ်မိခိုက် (OC)Where stories live. Discover now