Part (26) Uni/Zawgyi

4K 185 7
                                    

သူ့ကိုမှချစ်မိခိုက်
အပိုင်း(26)

စန္ဒီ ရှုတင် သွားရန် မိတ်ကပ်လိမ်းရာ၌

"ဒီနေ့  မင်းသမီး မှာ ပျော်စရာရှိနေပုံပဲ မျက်နှာလေးကရွှင်နေတယ်"

မိတ်ကပ်လိမ်းပေးနေကျ သူမ၏ မိတ်ကပ်ဆရာ ရဲ့ သုံးသပ်မှု မှန်နေတယ်လို့ပြောရမလား။

"ဟုတ်တယ်  ၀မ်းသာစရာသတင်းကြားထားတယ်လေ"

စန္ဒီ့ကို မနေ့က ကိုခန့်ရဲ့ အမေ ကခေါ်တွေ့တယ်မဟုတ်လား။


"အတူတူလာကြတာပဲ သမီးတို့ လာထိုင်လေ"

ဒေါ်သူဇာက ၀မ်းပန်းတသာ ကြိုဆိုသောကြောင့် သတင်းကောင်းမှန်းရိပ်မိ၏။ ကိုခန့်က သူမအတွက် ခုံထုတ်ပေးရင်း ဘေးတွင်၀င်ထိုင်လိုက်သည်။

"မေမေက ရုတ်တရက်ကြီး ချိန်းလိုက်တော့ ကျွန်တော် တောင်လန့်သွားတယ် ကြိုပြောမှပေါ့"

"မဟုတ်တာ ရပါတယ် မေမေ ကျွန်မ တို့အဆင်ပြေပါတယ်"

"မေမေ ကလည်း မင်းတို့ကို ၀မြးသာစရာသတငြးကောငြးလေး တိုင်ပင်မလို့ပါ"

ကိုခန့်ရော စန္ဒီ ရော စိတ်လှုပ်ရှားတာအမှန်ပင်။

"စေ့စပ်ပြီးတာလည်း ၁လကျော်ပြီလေ လက်ထပ် သင့်ပြီလို့ မေမေထင်တယ် သားနဲ့သမီးရော ဘယ်လိုလဲ လက်ခံတယ်မဟုတ်လား"

စန္ဒီ အတွက် အခွင့်အရေးကောင်းလို့ပြောရမလား။

ငါ ကိုခန့်ကိုမချစ်ဘူး ဒါပေမဲ့ Jane ရဲ့ဆက်ခံသူက သူပဲဖြစ်မှာမဟုတ်လား  ရှိုင်း က သားဖြစ်ပေမဲ့ စိတ်မ၀င်စားဘူး ဆိုတော့ ငါ ကိုခန့်ကိုမချစ်လည်း Janeအတွက် လက်ခံရမှာပေါ့  ရှိုင်းကိုချစ်ပေမဲ့ အချစ်နဲ့ဘ၀ကို သီးခြားထားနိုင်ရမယ်။

ကိုခန့်အတွက် သတင်းကောင်းမဖြစ်နိုင်ဘူးပဲပြောရမှာပေါ့။
ငါစန္ဒီ့ကိုအခုထိချစ်မလာဘူး  ချစ်တဲ့သူနဲ့ လက်ထပ်ရမယ့် သူတစ်ယောက်တည်းဖြစ်ချင်ပေမယ့် ......

နှစ်ယောက်စလုံး အဖြေပြန်မပေးတာမို့

"တစ်ခုခုအခက်အခဲရှိလို့လား လက်ထပ်ဖို့က"

"မဟုတ်ပါဘူး မေမေ ကျွန်မ အတွက်အခက်အခဲမရှိပါဘူး "

"ဒါဆိုသားကရော"

သူ့ကိုမှ ချစ်မိခိုက် (OC)Where stories live. Discover now