သူ့ကိုမှချစ်မိခိုက်
အပိုင်း(27)"မှုံး အိပ်ယာထတာနောက်ကျလှချည်လား အလုပ်မသွားဘူးလား"
သူမ မြတ်နိုးကို နှုတ်ခမ်းစူစူနဲ့ မျက်လုံးစွေကြည့်လိုက်ပြီး
"မသွားဘူး"
"ဟင် နင့်Bossက မသွားလို့ရလို့လား"
"ပိတ်တယ် ဒီနေ့ မလာနဲ့လို့ပြောလိုက်တာ"
ဘာလို့ သွားရမှာလဲ သူ့လိုတစ်ကိုယ်ကောင်းဆန်တဲ့ကောင် သူ့ဘက်သူကြည့်တဲ့ကောင်ဆီ မသွားဘူး လုံး၀မသွားဘူး အလုပ်ထုတ်လည်းထုတ်ပါစေ။
"ဒါဆို အိမ်မှာအေးဆေးအနားယူရမှာပေါ့ "
"ဒါပေါ့ မမနိုး မနာလိုနေတယ်မလား"
" ငါကတော့ ဝေယံကိုကျောင်းပို့ရင်း coffee ဆိုင်သွားရဦးမယ်"
"ကဲ မိနိုး ဟိုမှာ မောင်လေးက အိမ်ပေါက်၀မှာစောင့်နေတာကို သွားလေ "
"မေမေကလည်း သူ့သား ဘက်ကပဲ"
"ညည်းကမှ အသက်အရွယ်နဲ့မလိုက် ကလေးနဲ့ပြိုင်နေတာ "
"မမနိုး မြန်မြန်သာသွားတော့ လမ်းမှာ ဝေယံနဲ့ရန်ဖြစ်နေရဦးမယ်"
မြတ်နိုး က ဝေယံ လွယ်အိတ်ကိုလွယ်ပေးရင်း လက်ဆွဲကာ သွားလေ၏။
"အား....ညောင်းလိုက်တာ အန်တီလေး ဘာကူလုပ်စရာရှိသေးလဲ"
"ညည်းက အလုပ်မသွားဘူးလား"
"ဘာလို့သွားရမှာလဲ မသွားဘူး နောက်လည်း အဲ့မှာမလုပ်တော့ဘူး "
"ဟဲ့ ဟဲ့ မှုံး ဘယ်လိုပြောလိုက်တာလဲ ညည်းbossက အရမ်းသဘောကောင်းပါတယ်ဆို ညည်းအပေါ်မှာ နူးနူးညံ့ညံ့ဆက်ဆံပါတယ်ဆို ကိုယ့်ကျေးဇူးရှင်ကိုအဲ့လိုပြောစရာလား"
"မှုံးက ဘာဖြစ်နေလို့လဲ သူကသာတစ်ကိုယ်ကောင်ဆန်တဲ့လူ "
"ညည်းbossကလား"
"ဒါပေါ့ အန်တီလေးရဲ့ အရမ်း မသိတတ်တာ တစ်ဖက်လူ ဘယ်လိုခံစားရမလဲ ဘာဖြစ်နေလဲ ဆိုတာ လုံး၀ကိုနားမလည်တဲ့ လူ့ဂွစာ ကောင်"
"မှုံး ညည်းကသူဌေးကိုရဲ့အတင်းပြောနေတာ နင့် ရည်းစားကိုစိတ်ကောက် နေတာလား"