သူ့ကိုမှချစ်မိခိုက်
အပိုင်း(16)5နာရီနဲ့6နာရီကြားတွင် အလိုလိုပွင့်လာတတ်တဲ့မျက်လုံးများကို ကြိုဆိုလိုက်တာက မျက်နှာကျက်ဖြူဖြူကြီး။အခုမှမြင်ဖူးတဲ့ မြင်ကွင်းမဟုတ်ပေမဲ့ ထင်ထားတာမဟုတ်တာကြောင့် အလန့်တကြားထထိုင်လိုက်သည်။
"ငါ မနေ့ကဒီမှာအိပ်ပျော်သွားတာလား "
ဘေးပတ်လည်လှည့်ကြည့်ကာ ကိုယ့်ကိုယ်ကိုယ်ပြန်ငုံ့ကြည့်တော့လည်း ည၀တ်အိပ်တဲ့အင်္ကျီမဟုတ်။ မနေ့မနက်ကတည်းက၀တ်ထားတဲ့အ၀တ်အစားကြောင့် ပိုမိုထူးစမ်းနေသည်။
"ငါ မနေ့တုန်းက ရှေ့ကဆိုဖာမှာအိပ်ပျော်သွားတာပါ ဒီကိုဘယ်လိုလုပ်ရောက်နေတာလဲ"
သူမ စောင်ခေါက်ရင်း
"သူ ဒီထဲသယ်လာတာလားငါ့ကို အာ.... မဖြစ်နိုင်တာတွေ"
သို့သော်သူမစဉ်းစားကြည့်တိုင်းအရှေ့မှာပဲအိပ်ပျော်သွားသည်ကိုမှတ်မိ၏။
"အိပ်မက်မဟုတ်ပဲ သူတကယ်ငါ့ကို ပွေ့ပြီးခေါ်လာတာလား ဟိုက် အဲ့တာဆို နမ်းတာလည်း တကယ်လား"
သူမ ခေတ္တရပ်သွား၍
"မဖြစ်နိုင်ပါဘူး ငါ့အနားတောင်မကပ်တာ ငါ့ကိုနမ်းမယ် ပွေ့လာမယ်ဆိုတာ ဖြစ်နိုင်ပါ့မလား"
ရုတ်တရက်တံခါးပေါက်ပွင့်လာပြီး
"ဖြစ်နိုင်တာပေါ့ မင်းထင်နေတာဟုတ်တယ်"
အခန်းထဲ၀င်လာတဲ့ စွတ်ကျယ်အဖြူရောင်နဲ့ အားကစားဘောင်းဘီ အနက်နဲ့ ရှိုင်းက မျက်နှာသစ်ပြီးခါစ ဖြစ်၍နှဖူးပေါ်ကျနေသည့်ဆံပင်တွေမှာရေသီးရေပေါက်လေးတွေကပ်ပါလာသည်။ သူမ ကြောင်ပြီးစောင်ခေါက်ကြီးကို လွတ်ချလိုက်သည်။
"မင်းက တကယ်ပဲ တွေ့ကရနေရာမှာအိပ်ပျော်တတ်တာလား ကားထဲမှာလည်းအိပ်တယ် အခု ဆိုဖာပေါ်မှာလည်းအိပ်တယ် "
"အိပ်မက်မဟုတ်ဘူးလား"
"ဘာတွေပြောနေတာလဲ"
"အဲ့တာဆို နင်ငါ့ကိုဒီအထဲသယ်လာတာပေါ့"
"သေချာတာပေါ့ ဧည့်ခန်းထဲမှာ ဟောက်သံတွေဆူညံပြီး သွားရေ တွေကျနေတာ ကျက်သရေတုံးလို့"