Chapter - 23🚨🔞🚨

6.5K 401 101
                                    

Unicode
~~~~~~~~

ဧကရာဇ်မောင် နေမကောင်းဖြစ်နေတဲ့သတင်းကြောင့် မုဒြာ ဇွဲနဲ့အတူ ဈေးဝယ်ထွက်ရာမှ အမြန်ပြန်လာခဲ့သည် ။ သူရောက်လာတော့ ဧကရာဇ်မောင်က အိပ်ပျော်နေခြေပြီ ။ ယံယံကိုမေးကြည့်လိုက်တော့ ဧကရာဇ်မောင် သူ့ရဲ့ရောဂါအခြေအနေအားလုံးကို သိရှိသွားကြောင်း မုဒြာသိလိုက်ရသည် ။

မုဒြာဖွင့်မပြောပဲထားတာဟာ မောင်စိတ်မကောင်းဖြစ်ကာ စိတ်ဓာတ်ကျမည်ဆိုး၍ပင် ။ ခုရုတ်တရပ်ကြီး ရောဂါပြန်ထလာတော့ အနည်းငယ်တော့ ဆိုးရိမ်နေမိသည် ။

" မုဒြာ … ငါအမှန်တိုင်းပြောလိုက်လို့ ဝမ်းနည်းသွားတာလား "

" မဟုတ်ပါဘူး … ငါကမောင်သက်သာလာပြီထင်လို့ မပြောတော့ပဲထားလိုက်တာ … ခုသူသိသွားတော့ အဆင်ပြေလောက်မှာပါနော် "

" မပြေစရာလားကွာ … ရောဂါကကာယကံရှင်ကိုယ်တိုင်ကုမှ ပျောက်လွယ်တာ … ခုမင်းမှာဖုံးကွယ်ထားတာတွေရှိနေသေးရင် မြန်မြန်ဖွင့်ပြောပြီး ဖြေရှင်းလိုက်တာကောင်းမယ် "

ဖုံးကွယ်ထားတာ ? ခုချိန်မှာ မုဒြာဖုံးကွယ်ထားတဲ့အရာက ကိုယ်ဝန်ကိစ္စတစ်ခုသာ ရှိတော့သည် ။ ဒီကိစ္စကိုမောင်သိလျှင် သူတို့ရဲ့ဂတိစာချုပ်အသက်ဝင်လာပြီမို့ မောင်ပျော်နေမလား ?

ကလေးမွေးပြီးသွားရင် မုဒြာက စာချုပ်မှာ လက်မှတ်ထိုးပြီး မောင့်ကို တရားဝင်ကွာရှင်းခွင့်ပြုရမည် ။ ဒီကိစ္စကို မောင်နဲ့မုဒြာ ၂ ယောက်သာသိသည် ။ မောင့်ကိုလွတ်လပ်ခွင့်ပေးဖို့ မုဒြာတွေးထားပေမဲ့ ခုလိုမြန်မြန်ဆန်ဆန်ကြီး ပြောပြဖို့ကြ မုဒြာသတ္တိမရှိပေ ။ ပြောသင့်မပြောသင့် မုဒြာ တစ်ညလုံးစဉ်းစားနေပြီးနောက် အဖြေတစ်ခုရခဲ့သည် ။

နောက်နေ့မနက်စောမှာ မုဒြာမောင့်အတွက် ကြက်သားဆန်ပြုတ်ပြုတ်ပေးပြီး အခန်းထဲကိုဝင်လာတော့ မောင်ကအိပ်ပျော်နေသည် ။ ယံယံပေးခဲ့တဲ့ဆေးတွေက အိပ်ပျော်စေကာ စိတ်ကိုတည်ငြိမ်စေသည် ။ အိပ်ရေးပျက်လျှင် ရောဂါကပိုဆိုးနိုင်တာမို့ မုဒြာလဲ မောင့်ကိုမနှိုးတော့ပဲ ပြန်ထွက်သွားခဲ့သည် ။

ပုန်းကွယ်နေသောချစ်ချင်းတရား ' ကုမုဒြာ ' ( Myanmar OC ) 🚨🔞🚨Where stories live. Discover now