Chapter - 23

22.7K 1K 130
                                    

မုဒြာကဇွဲနဲ့အတူအပြင်ထွက်ကာ မုန့်လုပ်နည်းသင်ယူရန် ဆရာရှာနေသည် ။ လူများသည့်သင်တန်းတွေကိုလဲမတတ်ချင်တာကြောင့် အိမ်တော်ကိုလာရောက်သင်ကြားပေးနိုင်မဲ့ ဆရာတစ်ယောက် ရှာဖွေနေခြင်းဖြစ်သည် ။ ထိုစဉ်ယံယံထံကအသိပေးစာတစ်စောင်ကြောင့် မုဒြာအားလုံးကိုထားခဲ့ကာ အိမ်တော်သို့ပြန်လာခဲ့လေသည် ။

ယံယံပေးပို့လာတာက ဧကရာဇ်မောင်မေ့လဲသွားသည့်သတင်းဖြစ်သည် ။ မုဒြာပြန်ရောက်တော့ ယံယံကကုသလို့ပြီးသွား၍ အောက်ထပ်ကိုပင် ဆင်းလာခြေပြီ ။

" ယံယံ အခြေအနေဘယ်လိုရှိလဲ "

" အားနည်းပြီးလဲကျသွားယုံပါ … ခုစိတ်ပူစရာမလိုတော့ပါဘူး "

မုဒြာလဲ ထိုအခါမှ သက်ပြင်းချလိုက်ကာ အနောက်ကသူနဲ့အတူပါလာတဲ့ဇွဲအားကြည့်ကာပြောလိုက်သည် ။

" ဒီနေ့ကူညီပေးခဲ့တာတွေအတွက် ကျေးဇူးပါဇွဲ … ဆရာနဲ့တွေ့နေချိန်မှ မုဒြာပြန်လာခဲ့မိလို့ ဇွဲကိုမျက်နှာပျက်စေခဲ့ပြီ "

" ရပါတယ် … လူတစ်ယောက်ရဲ့ကျန်းမာရေးကပိုအရေးကြီးတယ် … ဆရာကလဲနားလည်မှာပါ … နောက်ထပ်ကိုယ်ကောင်းတဲ့ဆရာထပ်ရှာပေးမယ် "

ယံယံကခနမျှရပ်ကြည့်နေပြီး မုဒြာပုံစံကအရင်ကလောက်ပြာပြာသလဲ အသည်းအသန်ဖြစ်မနေပဲ ဇွဲနဲ့တောင်စကားရပ်ပြောနေကာ တည်ငြိမ်နေ၍ မေးလိုက်သည် ။

" မင်းချစ်ရတဲ့မောင် မေ့လဲသွားတာတောင် အပြေးအလွှားသွားမကြည့်ဘူးလား မုဒြာ "

" သူအဆင်ပြေနေတယ်ကြားရင်ရပါပြီ … အနားယူပါစေ … ငါမနှောက်ယှက်တော့ဘူး "

ယံယံက မုဒြာခုလိုလစ်လျှူရှုနိုင်တာ ကောင်းတယ်ဟုချီးကျူးမိပေမဲ့ တာဝန်ဝတ်တရားအတိုင်း သူပြောခဲ့တာတွေကို မုဒြာအား ပြန်ပြောပြလိုက်သည် ။

" ငါသူ့ကို ရောဂါအခြေအနေအားလုံးပြောပြလိုက်ပြီ … သူ့ကြည့်ရတာ တကယ်မသိတဲ့ပုံပဲ … အစကသူမင်းကိုတောင် သံသယဝင်နေခဲ့သေးတာ … ဒါကြောင့် အစောကတည်းက ငါသူ့ကိုအားလုံးပြောပြဖို့မင်းကိုပြောတာပေါ့  "

Hidden love " ကုမုဒြာ "( complete )❤️ Where stories live. Discover now