Chapter - 24

4.2K 346 73
                                    

Unicode
~~~~~~~~

ဦးလေးမြတ်က ထုံးဆန်အတိုင်း သခင်ကြီးကိုပြုစုပေးပြီးနောက် ခြံဝန်းထဲမှာ အနည်းငယ်ရှည်နေပြီဖြစ်တဲ့ ပေါင်းပင်တွေကို ရှင်းလင်းနေသည် ။

သခင်ကြီးကို စောင့်ရှောက်ပေးနေခဲ့တာ တစ်လလောက်ရှိခဲ့ပြီဖြစ်သလို သခင်ကြီးဟာလဲ အရင်ကလောက် အားအင်မပြည့်ဝနိုင်တော့၍ လမ်းပင်မလျှောက်နိုင်တော့ပဲ ဝှီးချဲပေါ်မှာထိုင်ကာ သွားလာနေရသည် ။

ထိုစဉ် ခြံဝင်းအတွင်း ကားတစ်စီးဝင်လာကာ ခင်သစ္စာရောက်လာသည် ။ သူမကစုံစမ်းခိုင်ထားသမျှအားလုံးကို အတတ်နိုင်ဆုံး ရှာဖွေစုဆောင်းနေခြင်းကြောင့် အချိန်အနည်းငယ်ကြာမြင့်သွားခြင်းဖြစ်သည် ။ တစ်ချို့အမှုကိစ္စလေးတွေ ဖြေရှင်းနေရတာလဲပါသည် ။

သူမအိမ်တော်ထဲရောက်လာတော့ သခင်ကြီးရဲ့ပုံစံကိုမြင်ပြီး စိတ်မကောင်းဖြစ်သွားသည် ။ သူမနောက်ဆုံးတွေ့ခဲ့တဲ့အချိန်ကထက် သခင်ကြီးကအားအင်ကုန်ခန်းလာကာ သူမသိခဲ့တဲ့ ဦးလေးကြွယ်နှင့်ပင်မတူတော့ပေ ။ လူတစ်ယောက်ရဲ့ နောက်ဆုံးအချိန်သို့ ရောက်ရှိနေသလိုပင် ။

" နောက်ကျသွားတဲ့အတွက်တောင်းပန်ပါတယ် ဦးလေးကြွယ် "

" ရပါတယ် ... သမီးလေးခင်မှာလဲ တစ်ခြားကိစ္စတွေရှိနေမှာပဲလေ ... ဦးလေးကသာ ဒုက္ခပေးမိနေလို့ အားနာနေတာ "

" မဟုတ်တာ ... ခင့်အတွက် ဒါကဒုက္ခမဟုတ်ပါဘူး ... သားလေးမုဒြာကောင်းဖို့အတွက်ပဲလေ ... ဒါပေမဲ့ ဥက္ကာမောင်ရဲ့မိသားစုက မရိုးရှင်းဘူး ... ကျမစုံစမ်းလေးပိုပြီးထူးခြားလာလေပဲ "

" သူတို့က သာမန်မိသားစုတစ်ခုပဲ မဟုတ်လား ... ဘာတွေကထူးခြားနေတာလဲ "

" အရင်ဆုံး မြမာလာရဲ့ အကြောင်းကိုပြောပြပါရစေ ... သူမကဟိုးအရင်အရက်ဘားတစ်ခုမှအပျော်မယ်လုပ်ဖူးတယ် ... အဲ့အလုပ်ကထွက်ပြီး သူမဥက္ကာမောင်နဲ့လက်ထပ်ခဲ့တယ် ... သူမကလောင်းကစားလုပ်တဲ့အတွက် ဥက္ကာမောင်ရဲ့ပိုင်ဆိုင်မှုတစ်ချို့ဆုံးရှုံးသွားခဲ့တယ် ... သူတို့စီးပွားရေးကျနေတဲ့အချိန် ဦးလေးရဲ့အကူအညီကြောင့် ပြန်ပြီးနလန်ထူလာနိုင်ခဲ့တာ "

ပုန်းကွယ်နေသောချစ်ချင်းတရား ' ကုမုဒြာ ' ( Myanmar OC ) 🚨🔞🚨Where stories live. Discover now