အပိုင်း (၁၂)

11.2K 586 2
                                    

"လာ သားတို့ ၊ သားတို့ သူငယ်ချင်းက အပေါ်ထပ်မှာပြင်ဆင်နေရဲ့"
"ဟုတ်ကဲ့ပါ တီေလး သားတို့ သူဆီ သွားလိုက်အုံးမယ်ဗျ "

ဒီေန့ ထက်ပိုင် Engagement မို့ မြန်မာ့ပုဆိုးနဲ့ မီးခိုးဖျော့ရောင်စတစ်လက်ရှည်ကို ဝတ်ဆင်မိတယ်။ မီးခိုးရောင်ဆိုလို့ ဟို ကလေးက Gray color crazy လေ ..အရောင်ဖျော့လေးတွေကိုနှစ်သက်သတဲ့။ အင်းသူ့အသားအရည် ဝင်းဝင်းလေးမို့ အရောင်ဖျော့လေးတွေက လိုက်ဖက်တာအမှန်...မဆီမဆိုင် အာရုံထဲ ရောက်လာသောသူ့အကြောင်း။ ထားပါ အလကားကောင်...။ သက်ကိုကတော့ အဝါရောင်ဖျော့ပုဆိုး ၊ စတစ်လက်ရှည်နဲ့မို့ တစ်မျိုးကြည့်ကောင်းနေပြန်တယ်။

" လာ ငါကောင်တို့ ဘယ်လိုလဲ ကြည့်ပေးကြအုံး "
"ပြေပါတယ် ...မိန်းမရတော့မှမို့ မျက်နှာက ဖြီးနေတာ အလကား singl ဘဝကို မနှမျောဘူးလား ဟိတ်ကောင်"

"ဟား....ငါမှာ နားလည်ပေးမယ့် ကြင်ဖော်က ဘေးမှာလေ သာယာတဲ့ ဘဝကိုပိုင်ဆိုင်ရမှာလေကွာ"
" ခွေးကောင် ငထက် ...နေအုံး မင်းDoctor ကို ချွန်ပေးလိုက်လို့ မင်းမျက်ရည်ကျနေရမယ်"

" အဲလိုတော့ မရက်စက်နဲ့ကွာ...ငါ လိမ်မာနေတော့မယ်ဆုံးဖြတ်ပြီးပြီ ၊ မေမေတို့ကိုလည်း စိတ်ချမ်းသာအောင်ထားတော့မယ် "
"ကောင်းတယ်ကွာ....ထက်ပိုင် ငါအားပေးတယ်၊ ရဲရင့်ကိုပြောမနေနဲ့ သူက အတ္တကြီးနေတာ တခါတလေကြ သူဘယ်အရာလုပ်လို့ ဘာဖြစ်တယ်ဆိုတာ ..အမှန်၊ အမှား တောင် သေချာ တွေးတောမိရဲ့လား မသိဘူး တဇွတ်ထိုး သူဘာသာမှား ၊သူဘာသာမှန်နေတာ "
"ဟ ..သက်ကိုရ မိန့်စမ်းပါ့အုံး...ငါကဘာတွေလုပ်လို့ ဘာတွေမှားနေလဲ "

"အေး မင်းဘာလုပ်လဲ ၊ မင်းဘာမှားလဲ မင်းလုပ်ရက်ကိုပြန်တွေး ၊ မင်းမှန်တယ်ထင်ရင်ဆက်လုပ် ၊အေး အဲ့အကျိုးရလဒ်က မင်းခံစားရမှာမို့ ငါပြောနေတာ "
"ဟိုကလေးကိစ္စလား ...အဲ့ကိစ္စနဲ့ငါကိုမကြည်နေတာလား ..ဟင် ပြော...သက်ကို "
"တော်တော့ကွာ...သက်ကိုမင်းလည်း တော်၊ ရဲရင့် မင်းလည်းစိတ်ထိမ်း...ငါ ပွဲလေကွာ...အောက်ကလူကြီးတွေကြားရင် စိတ်ပူနေလိမ့်မယ်"

တောက် ..ဘာလဲကွာ။ သူက မေတ္တာတရား ထားနိုင်တဲ့ ဆရာကြီး ၊နားလည်ခွင့်လွတ်ပေးနိုင်သူကြီး ။ ငါနေရာ ၊ ငါခံစားချက်ကို သိရက်နဲ့ အဲ့ကောင်သက်ကို ဘာဖြစ်လို့ ရန်လိုနေလဲမသိ အဲ့ကလေးကိစ္စနဲ့ ပတ်သတ်ရင် ။သူ ကြိုက်တဲ့ကောင်လေးကို ငါမပြောဘူး ၊ ငါအစီအစဉ်ထဲ ဝင်ပါတာ မျိုး မကြိုက်ဘူး ၊ သူငယ်ချင်းမကလို့ ဘာနေနေ ငါကိုလာမတားနဲ့။ မင်းတို့ သဲသဲလူပ် တားလေ ၊ငါက ပိုကစားချင်လေပဲ။ ထက်ပိုင်ပွဲမို့ ဆက်အငြင်းပွါးချင်စိတ်မရှိဘူး ၊ သူငယ်ချင်းအရင်း ဖြစ်တော့လည်း ထပ်မငြင်းချင်တော့တာပိုမှန်တယ်။

ချစ်ခြင်းတို့အလွန် Where stories live. Discover now