-ဆု-|Prize| Part-1

748 48 0
                                    

Unicode

'One.....One.....One....အားးးးးး'

'ဟူးးး'

နာရီကိုကြည့်လိုက်တော့ ၄နာရီ....မနက်၄နာရီပဲရှိသေးတာကို နိုးလာရပြန်ပြီ.....ဒီအိမ်မက်ဆိုးကနေ ဘယ်တော့မှ လွတ်မြောက်နိုင်ပါ့မလဲ.....Oneရယ် ကိုယ်အရမ်းသတိရတာပဲ ကိုယ်တကယ်တောင်းပန်ပါတယ် Oneလေးကို သေချာမစောင့်ရှောက်နိုင်ခဲ့လို့။
<<<<<<<<<<<<<<<<<<<<<<<<
♣-ဆု-♣
ချစ်ရသူရဲ့မြတ်နိုးသောအရာလေးတွေကို
ကိုယ်လဲမြတ်နိုးတယ် အဲ့ထဲမှာ ကိုယ်ပါနေရင် ပိုကောင်းပါသောပဲပေါ့
•••••••••••••••••••••••••••••••••••••
*လွန်ခဲ့သော ၁၃နှစ်ခန့်*

လှပလွန်းတဲ့ပင်လယ်ပြာအောက်၀ယ်
လေတွေကဖြည်းညှင်းစွာ တိုက်ခတ်
ဇင်ယော်တို့က ပျံသန်းကြရင်း
နေရောင်ကျိုးတို့ကျဲရယ်နှင့်
သာယာလိုက်လေခြင်း........

'Oneie~~~~~One....ie.....One~~~~ie....'

'ညောင်'

'အားဂူး.....အရမ်းချစ်ဖို့ကောင်းတာပဲကွာ'

ကောင်လေးငယ်ငယ်လေးဟာ ခလေးနဲ့တူတဲ့ ကြောင်ပေါက်စလေးကို ထိန်းကျောင်းနေတယ်.....ဒီကောင်ငယ်လေးက....ခုမှရှိမယ်ဆို ၇နှစ် ၈နှစ်လောက်ပေါ့ နေရောင်ဖျဖျထွက်ပေါ်နေတဲ့ ပင်လယ်ပြာပြာကြီးရှေ့ ခလေးတစ်ယောက်က ကြောင်လေးတစ်ကောင်ကို ယုယုယယထွေးပွေ့ထားတယ်.....တစ်ချို့တွေကတော့ ဒီမြင်ကွင်းလေးကို ကြည်နူးစရာကောင်းလို့ထင်ရဲ့ လှပစွာပြုံးရင်း ကြည့်သွားကြတယ်လေ....အင်း ဒီမြင်ကွင်းလေးက ဘယ်သူမပြုံးဘဲနေနိုင်ပါ့မလဲ။

__

'လှလိုက်တာ'

ကောင်ငယ်လေးက တစ်စုံတစ်ရာကို အာရုံစူးစိုက်နေတယ်
ပင်လယ်ကြီးရဲ့လှပတဲ့ အစိတ်အပိုင်းတွေကို ပိုပြီး ထင်ထင်ရှားရှားသိချင်တယ်ထင်ပါရဲ့ ကောင်ငယ်လေးက ဓာတ်ပုံရိုက်ရတာအရမ်းဝါသနာပါတယ်လေ သူဟာ အသက်အရွယ်လေးနဲ့မလိုက်အောင် cameraကိုကိုင်ရင်း သဘာ၀ကိုခံစားနေတယ် ဒါဟာ အရွယ်ရောက်ပြီးသား လူတစ်ယောက်အတွက်တောင် ခဲယဉ်းချင်ခဲယဉ်းနေလိမ့်မယ် သူ့အတွက်တော့ အရမ်းလွယ်ကူနေသယောင်။

-ဆု-|Prize|/JAY AND JUNGWON/ [complete]Where stories live. Discover now