Jaywon special (Love & Sweet)

255 33 2
                                    

Unicode

Warning:ဖတ်မိလို့ဆီးချိုတက်သွားရင်ကွယ်တာ၀န်မယူ//
_________________________
♣-ဆု-♣

"တစ်ချို့သောဆုလာဘ်တွေဟာ
အချိန်အခိုက်အတန့်တစ်ခုကြာခဲ့ပေမယ့်
ပြည့်၀ခဲ့ပါတယ်လေ"

•••••••••••••••••••••••••••••••••••••

"ကိုယ်မင်းကိုချစ်တယ်"

"ဗျာ"

စိုးရိမ်ခဲ့ရပါတယ်။ ကိုယ့်ရဲ့ပါးဖောင်းဖောင်းလေးဟာ ကိုယ့်ကိုအထင်သေးသွားမှာ။ ဒါမှမဟုတ် ငြင်းဆိုလိုက်မှာကို။

အများကြီး‌ကြောက်နေ‌ခဲ့မိတယ်။ ဖွင့်ပြောဖို့လဲ တုန်ယင်နေခဲ့တယ်။ ဒါပေမယ့်လည်း အားတင်းပြီးပြောခဲ့ပါရဲ့လေ။

သိတတ်တဲ့အရွယ်ထဲက ဘ၀မှာ အချစ်ရဆုံးဆိုရင် မာမီနဲ့ Oneသာရှိခဲ့တယ်။

သို့ပေမယ့် ကိုယ်တန်ဖိုးထားပြီးချစ်ရတဲ့သူတွေက ကိုယ့်အနားက ထွက်သွားခဲ့တယ်။

ကိုယ့်ရဲ့အသုံးမကျမှုတွေကြောင့် Oneက ပင်လယ်ထဲ‌ မျောသွားခဲ့ရသလို မာမီကတော့..... မာမီကတော့...ယောင်္ကျားပေါင်းစုံနဲ့။

အဟက်...အရမ်းကိုရီစရာကောင်းနေလောက်လား။

အခုချိန်ထိ ရင်ထဲမှာပူလောင်နေရတဲ့ကိုယ့်ကို ပထမဆုံးအနေနဲ့ ပြန်လည်အေးချမ်းစေခဲ့တာက ယန်းဂျောင်၀န်းဆိုတဲ့လူသားလေး။

မလုပ်ဖူးတာတွေကိုလည်း လုပ်မိခဲ့တယ်။
စတွေ့တဲ့နေ့ထဲကပေါ့လေ။

ကြိမ်ဖန်များစွာစဉ်းစားပြီးတဲ့နောက်မှာ သေချာပါတယ် ငါ ယန်းဂျောင်၀န်းကိုချစ်မိနေပါပြီ။

"ကျွန်တော်..."

အတော်ကြာအောင် အတွေးလွန်မိသည်က မြတ်နိုးရသူရဲ့ အသံကိုကြားမှ စိတ်အာရုံကိုစုစည်းလိုက်မိတော့သည်။

"ပြောပါ မင်းရဲ့ဆုံးဖြတ်ချက်ကို ကိုယ်... ... အကုန်...လက်ခံမှာပါ"

"အဲ့ဒါက အစ်ကို့ကို ထိခိုက်နာကျင်စေမယ်ဆိုရင်တောင်မှလား"

"ကိုယ့် ကို ထိခိုက်နာကျင်စေမယ်ဆိုရင်တောင်မှပေါ့"

"ထင်တဲ့အတိုင်း ပတ်ခ်ဂျုံဆောင်းက နှစ်တွေကြာလဲ ငါ့ကို အမြဲ တန်ဖိုးထားတာပဲ"

-ဆု-|Prize|/JAY AND JUNGWON/ [complete]Where stories live. Discover now