နှုတ်ဆက်ခြင်း နှုတ်ဆက်ခြင်း

119 13 4
                                    

အားလုံးပဲဒီနေ့ဒီချိန်ထိလိုက်ပါလာပေးလို့ကျေးဇူးအထူးတင်ပါတယ်။

ကိုယ့်လို မတောက်တခေါက်လူတစ်ယောက်ရဲ့ အရေးအသားတွေကို သဘောကျပေးလို့လဲ ကျေးဇူးတင်ရပါတယ်။

ကိုယ်ဟာ ဂျေးဂျေးနဲ့၀န်းတို့နှစ်ယောက်ရဲ့ကြားက ချစ်ခြင်းမေတ္တာတွေကိုသဘောကျမိတာမို့ သူတို့ရဲ့ဇာတ်လမ်းကသာ ဒီလိုလေးဖြစ်ခဲ့ရင်ဆိုပြီး စရေးမိတာပါ။

ကိုယ့်ရဲ့ ဒီ -ဆု-|Prize|ကို 23.5.2022ကစခဲ့ပြီး အခု 30.9.2022မှာပြီးပြီပေါ့နော်။

6လအတွင်းမှာ မပျင်းမရိနဲ့ လိုက်ပါလာပေးကြလို့ ကျေးဇူးတင်ရပါတယ်။

နောက်ထပ်နောက်ထပ် ကိုယ့်ရဲ့ဖန်တီးမှုလေးတွေကျရင် အချိန်ကိုအတတ်နိုင်ဆုံးမှန်ပေးသွားပါ့မယ်။

ခင်ဗျားတို့ကကိုယ့်အတွက်ဆုလာဘ်လေးတွေပါပဲ။

ကိုယ့်ရဲ့ကမ္ဘာငယ်လေးကနေ မင်းတို့ကိုအမြဲကြိုဆိုလျှက်ပါ။

စိတ်ဓာတ်ကျတဲ့အခါ၊ ၀မ်းနည်းတဲ့အခါ၊ ပျော်ရွှင်တဲ့အခါ၊ အထီးကျန်တဲ့အခါတိုင်း ခင်ဗျားတို့ရဲ့ စိတ်ခံစားချက် အတက်အကျ ဘာမဆိုဖြစ်တိုင်း ကိုယ့်ကို သူငယ်ချင်းတစ်ယောက်လိုသဘောထားပြီး ကိုယ့်ကမ္ဘာငယ်လေးထဲမှာ အပန်းဖြေလိုက်ကြပါ။

-ဆု-ဆိုတဲ့ ကမ္ဘာငယ်လေးကနေ နှုတ်ဆက်လိုက်ပါတယ်နော်။

ဒါပေမယ့် အချိန်တိုင်းအတွက် တံခါးဖွင့်ထားလျှက်ပါ။

ခင်ဗျားတို့ရဲ့
သော်သော်ဘုန်း













ခင်ဗျားတို့ရဲ့
သော်သော်ဘုန်း

-ဆု-|Prize|/JAY AND JUNGWON/ [complete]Where stories live. Discover now