-ဆု-|Prize| Part-13

225 28 2
                                    

Unicode

"ကိုကို....၀န်းလေ ကိုကို့ကို အရမ်းချစ်တယ်"

ရုတ်တရပ်ဆိုသလို အဖြစ်အပျက်တစ်ချို့က မထင်မှတ်တဲ့မချိန် မထင်မှတ်တဲ့နေရာမှာ ဖြစ်လာတတ်ပါရဲ့။

"၀န်း!!!!"

ဆုလာဘ်တွေက သိပ်ရက်စက်တယ်။
ကိုယ်တန်ဖိုးထားနေတာကို ပျောက်ပျက်သွားဖို့ ကြံရွယ်နေပုံပဲ။

______________________________________

♣-ဆု-♣

"ဆုလာဘ်တွေက ထပ်ထွက်မသွားတော့ဘူးထင်ပါရဲ့"

••••••••••••••••••••••••••••••••••••••••••••••••••

"ခင်ဗျားတကယ်ပဲ...."

"အင်း"

တကယ်ဆို ဂျုံဆောင်း သံသရတွေရှိနေသေးသည်။ ဒီလူဟာ သူ့အသက်ကိုပါစတေးပြီး ကယ်တင်မယ်တဲ့လား။ ပြီးတော့လည်း ညီလေးလိုခင်တွယ်မိလို့ဆိုတဲ့ စကားတစ်ခွန်းနဲ့လေ။

"ကိုယ်တစ်ခုပဲတောင်းဆိုချင်တယ် ကိုယ်သာသေဆုံးသွားခဲ့ရင် အာဏာရူးနေတဲ့အဘိုးအိုတွေက ခေါင်းဆောင်နေရာအတွက် လုကြလိမ့်မယ် ဒီအတွက် oneကို ခေါင်းဆောင်ခန့်ခဲ့ချင်တာ..

ဒါပေမယ့်မင်းက လက်မခံဘူးမဟုတ်လား? ဒါကြောင့် Nikisamကို နား၀င်အောင်ပြောပေးပါ"

"ဟုတ်ပြီ ကျွန်တော်လုပ်ပေးမယ်"

"အင်း"

"ခင်ဗျားဘာလို့များ ဒီလောက်ထိလုပ်ရတာလဲ"

"အင်း...သံယောစဉ်တစ်ချို့ကြောင့်လေ"

ငါ့ကိုမချစ်တဲ့သူကို ရူးလောက်အောင်ချစ်ခဲ့မိလို့။

ငါ့အပိုင်မဟုတ်တဲ့သူကို ရူးလောက်အောင်မြတ်နိုးခဲ့မိလို့။

မပိုင်ဆိုင်ရမှန်းသိနေလည်း...သူ့ရဲ့အချစ်ကိုမရမှန်းသိနေလည်း....သိရက်နဲ့တောင် လက်မလွှတ်ခဲ့မိလို့။

ကိုယ်မင်းကိုသိပ်ချစ်လို့ပါOneရယ်။

__

"၀န်း!!!"

လေပြေလေညင်းတွေက အနည်းငယ်အေးမြစေနိုင်သော်ငြား ဂျုံဆောင်းရင်ထဲ မီးဟုန်းဟုန်းတောက်နေပါ၏။

-ဆု-|Prize|/JAY AND JUNGWON/ [complete]Where stories live. Discover now