-ဆု-|Prize| Part-3

382 50 0
                                    

Unicode

မိုးစက်မိုးပေါက်တွေကြားမှ အလျင်စလိုထလိုက်တဲ့အချိန် တစ်စုံတစ်ရာကို တိုက်လိုက်မိတာလား........ လူကစိတ်တိုနေတာကိုကွာ ပူထူသွားတဲ့စိတ်နဲ့နောက်သို့ လှမ်းဆွဲလိုက်မိသည် မသိစိတ်လေးကလို့ပြောရမလား....အမှတ်တမဲ့လုပ်မိသွားတာပေါ့ ဒါကသူ့ပုံစံမှမဟုတ်ပဲ။

'ဒါကအစလေးပေါ့....အေးချမ်းမှုရဲ့အစလေး'
<<<<<<<<<<<<<<<<<
♣-ဆု-♣

'အမှတ်တမဲ့တွေ့ဆုံခြင်းတွေဟာ တခါတရံမှာ မထင်မှတ်ထားတဲ့အရာတွေကိုဖြစ်ပေါ်စေတတ်တယ်....ကိုယ်နဲ့မင်းရဲ့ကြားက ဘယ်သူမှမမြင်နိုင်တဲ့ ကြိုးရှည်လေးပေါ့'

••••••••••••••••••••••••••
သူလှမ်းဆွဲမိလိုက်တာက လူတော့မဟုတ်လောက်....အင်း သက်မဲ့အရာလေးလေ အဖြူရောင်ကြိုးရှည်လေးဖြစ်မယ်လို့‌တော့သူတွေးလိုက်မိ၏။
သူတိုက်မိတဲ့ ထို လူသားလေးကတော့ သူတွေးမိတဲ့ အဖြူရောင်ကြိုးရှည်ရဲ့ တစ်ဖက်စွန်းကိုကိုင်ပြီး ပုံလျက်သားလေး လဲကျသွား‌လေရဲ့ သူမျက်နှာလေးကိုကြည့်မိလိုက်တဲ့ခဏ။

'အဲ့အခိုက်အတန့်လေး
တစ်သက်လုံးသိမ်းထားချင်တာပေါ့
ဘာလို့များဒီလောက်တောင်လှပရက်ရတာလဲ
မင်းရော မင်းနဲ့ပတ်သတ်သမျှအရာရာတိုင်းရော'

__

'ဟိုဟာအဆင်ပြေလား'

သူပြောလိုက်တဲ့စကားအဆုံး ထိုလူသားလေးက မျက်လုံးဝိုင်းတွေနဲ့ကြည့်လာပါတယ်။ အဲ့မျက်လုံးဝိုင်းထဲမှာ စိုးရိမ်မှုနဲ့ ကြောက်ရွံ့မှုတွေပါ ပါလာတာကိုလည်း သတိထားမိလိုက်တယ်။
တစ်မိနစ်...နှစ်မိနစ်...ဘာစကားမှပြန်မလာတဲ့အဆုံး မျက်ခုံးနှစ်ဖက်ကို ကွေးညွတ်လိုက်ရင်း။

'အဆင်ပြေရဲ့လား....'

'......'

စိတ်မရှည်တော့တာမို့....မတ်တပ်ရပ်မနေတော့ဘဲ ဒူးတစ်ဖက်ကိုမြေကြီးပေါ်တွင် ထောက်လိုက်ကာ ကျန်တစ်ဖက်ကို ကွေးရုံသာကွေးညွတ် အားယူထားရင်း လဲကျနေသောလူသားလေးဆီသို့ သူ့ရဲ့လက်ကိုကမ်းပေးလိုက်၏။

ကမ်းလင့်လာသောလက်တို့ကို ပြန်လည်တုန့်ပြန်ကာ ထိုလူသားလေးက သူ့ရဲ့လက်တို့အားကမ်းပေးလိုက်သည်။

-ဆု-|Prize|/JAY AND JUNGWON/ [complete]Where stories live. Discover now