-ဆု-|Prize| Part-5

294 39 0
                                    

Unicode

အလုပ်မရှိအကိုင်မရှိသလိုမျိုး သူ့ကိုပဲ တစ်ချိန်လုံးကြည့်နေပြီး ဘာလိုလဲအဆင်ပြေလားကြီးပဲပြောနေတာမို့ စိတ်ညစ်နေတာတွေက အခုတော့ပြေပျောက်သွားရပါပြီ။
အိမ်ရှေ့မှာရောက်နေတယ် ထွက်ခဲ့ဆိုပြီးလာခေါ်သွားတဲ့ ပတ်ခ်ဆောင်းဟွန်းဆိုတဲ့သူကိုတော့ ဂျောင်၀န်းအထူး ကျေးဇူးတင်နေမိသည်။
အကြာကြီးခွဲနေရတာမို့ဒီဂရုစိုက်မှုတွေကိုသတိရပါတယ်။ဒါပေမယ့်ခုက ပိုလွန်းနေတာမဟုတ်ဘူးလား။သူဘယ်သူဆိုတာသိသွားရင်လဲ ဒီလိုပဲဂရုစိုက်စိုက်နေပေးဖို့တော့ မျှော်လင့်ရသည်။

'Onedam'

'ဟင်....Nikiya မင်း...ဘယ်လိုရောက်လာတာလဲ'
<<<<<<<<<<<<<<<<<<
♣-ဆု-♣

'ကိုယ်အရမ်းမြတ်နိုးရသူအတွက်သာဆို ကိုယ့်အသက်နဲ့ဝိညာဉ်ဟာလဲအရေးမပါတော့ဘူး မြတ်နိုးရသူလေးက ကိုယ့်ရဲ့အသက်နဲ့ဝိညာဉ်ဖြစ်နေခဲ့တာမို့လို့'

••••••••••••••••••••••••••••••••••
တိတ်ဆိတ်နေသော ဧည့်ခန်းတစ်ခု၌ အရာအားလုံးသည် ငြိမ်သက်လျက်။

'Nikiya!'

'..........'

ဒါဟာအချိန်တစ်ခုလောက်ကြာနေပြီထင်သည်။ခုနက
ပတ်ခ်ဂျုံဆောင်းထွက်သွားထဲက ‌မဖိတ်ခေါ်ပဲရောက်လာခဲ့ပါသော ဧည့်သည်လေးသည် ခေါ်တော့လဲပြန်မဖြေ စကားလဲတစ်လုံးမှမပြောပါဘဲ သူ့ကိုသာ တစိမ့်စိမ့်ကြည့်လို့နေ၏။

'Niki ငါတကယ်စိတ်မရှည်တော့ဘူးနော်'

'အဟက်!'

'ဘာလဲ'

မဆီမဆိုင် ခနဲ့သလို ရီလိုက်တဲ့သူ့ကြောင့် ဂျောင်၀န်းနားမလည်သလိုအကြည့်တို့နှင့် ပြန်လည်မေးမိသည်။

'ပုံစံကကွဲထွက်နေတာမဟုတ်ဘူးလား'

'ဘာ...ဟာ့ စကားကိုနားလည်အောင်ပြောပါလားဟ'

'အခုမှမနူးမနပ်သေးတဲ့ခလေးလိုလုပ်နေတာကိုပြောတာလေ'

'အဲ့ဒါဘာဖြစ်လို့တုန်း'

'Onedam Hyung တကယ်သရုပ်ဆောင်ကောင်းတယ်နော် ကျွန်တော်တကယ်အံ့အြသွားတာ ခုနတုန်းက Hyung မဟုတ်တဲ့အတိုင်းပဲ'

-ဆု-|Prize|/JAY AND JUNGWON/ [complete]Where stories live. Discover now