-ဆု-|Prize| Part-10

235 33 5
                                    

အပေါ်က video လေးကိုကြည့်သွားကြပါဦး။ stream ဖို့မမေ့ပါနဲ့နော်။//

Unicode

အမှန်တရားတစ်ခုရှိခဲ့တယ်၊ ပုံပြင်လေးတစ်ပုဒ်လိုမလှပနိုင်လောက်ပေမယ့် ကျွန်တော်ပြန်ပြောပြချင်နေတယ်။

ဒီထက်ပိုပြီး ဖုံးကွယ်နေရတာမျိုးမလုပ်ချင်တော့ဘူး။

ပင်ပန်းလာပြီ....။

______________________________________

♣-ဆု-♣

"ဆုလာဘ်တွေဟာ တစ်ခါတစ်ရံ အံ့အြမှုနဲ့ပျော်ရွှင်မှုသာမကပဲ ၀မ်းနည်းခြင်းတွေကိုလည်း ပေးတတ်ပါသေးတယ်"

••••••••••••••••••••••••••••••••••••••••••••••

အမိမြေကိုပြန်လာရသည်ဆိုသောအသိက သိပ်ကိုရင်ခုန်စိတ်လှုပ်ဖွယ်ရာကောင်းသည်။

၅နှစ်မျှကြာညောင်းခဲ့ပြီဖြစ်သော်ငြား ၎င်းအမှတ်တရတို့အား မေ့ဖျက်၍မရနိုင်ခဲ့ပါ။ အထူးသဖြင့် သူ....
မပြောမဆိုထားသွားပြီး ရက်စက်ခဲ့ပါပေမယ့်လည်း သူကတော့ဖြင့် ဘယ်အချိန်ပြန်လာလာ လက်ခံနေမယ်ဆိုပဲ...အဟက် သူကဒီလိုသဘောထားကြီးလေ ကိုယ်ကလူဆိုးတစ်ယောက်ဖြစ်လေလေပါပဲ။

မည်သို့ပင်ဖြစ်စေ သူ့ရှေ့‌တွင်တော့ အဖြူစင်ဆုံးပြုံးပြီးနေရမည်သာ။

__

"ကိုကို"

"အင်း ၀န်း...နိုးပြီလား"

"ဟုတ်"

မနက်နိုးထတာနှင့် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ရုံမျှဖြင့် အလိုလိုပြုံးမိကြသည်။

အရင်တုန်းကနဲ့စာရင် အရာအားလုံးက ပြောင်းလဲလာသည်ဟု ဂျုံဆောင်းတွေးမိသည်။
အရင်ကမုန်းခဲ့ဖူးတဲ့ မိုးတွေရွာတာကလည်း အခုတော့ သိပ်ကိုအေးမြလွန်းတယ်ဟုမြင်နေသည်။ အရယ်အပြုံးမရှိတဲ့ သူဟာ အခုဆို ၁စက္ကန့်အတွင်းမှာတင် ဘယ်နှစ်ကြိမ်လောက်ပြုံးမိနေလဲမသိတော့။
တကိုယ်ကောင်းဆန်တတ်တဲ့သူဟာ အခုဆို တစ်စုံတစ်ယောက်အတွက် တွေးတောပေးတတ်ခဲ့ပြီ။
ဒါတွေအားလုံးက ချစ်တတ်လာတာကြောင့်ပဲလား?

-ဆု-|Prize|/JAY AND JUNGWON/ [complete]Where stories live. Discover now