-ဆု-|Prize| Part-8

274 37 8
                                    

Unicode

အချစ်ဆိုတာမျိုးက
ကန့်သတ်ချက်မရှိဘူး။ လွတ်လပ်တယ်။ လှပတယ်။ နူးညံ့တယ်။ တစ်ခါတစ်လေ ရက်စက်တယ်။

ငါမပျော်နိုင်ခဲ့ရင်တောင် ငါသိပ်ချစ်ရတဲ့လူသားလေးသာပျော်နေမယ်ဆိုရင် ကျခဲ့ရတဲ့ မျက်ရည်စက်တွေက သိပ်ကိုအဖိုးတန်နေမှာ။

အဲ့လူသားလေးက အတောက်ပဆုံး ပြုံးနေခဲ့သည်လေ...သူသိပ်ချစ်ပါသောလူနှင့်အတူပေါ့။

_____________________________
♣-ဆု-♣

"ကိုယ့်အချစ်ကသာ ဖြူစင်ပြီးစစ်မှန်ခဲ့ပါမယ်ဆိုရင်  ကိုယ်ချစ်တဲ့သူက ပြန်မချစ်ခဲ့ရင်တောင် ကိုယ့်ကို ချစ်မယ့်သူက ပေါ်လာမှာပါပဲ"

••••••••••••••••••••••••••••••••••••••••••••••••••

<<<<<<<<<<<<<<<<<<<<<<<<<<<<<<<<
18.6.2010

မိုးတွေသည်းထန်စွာရွာနေသောထိုနေ့။
စိတ်ညီးညူဖွယ်ကောင်းလှပါ၍ အဆောင်တော်ထဲတွင် ဂယောင်ခြောက်ခြား အတွေးများနေလေသည်။

ဒီသက်ကြားအိုတွေက သိပ်စိတ်ရှုပ်စရာကောင်းလှသည်။ အသက်အရွယ်ကွာဟမှုတွေကြောင့် အပြစ်ကြီးကြီးမားမားမပြောဆိုချင်ပါသော်လည်း ဒီအချိန်မှာအာဏာကိုင်ထားရသူက သူဆိုတဲ့ အီဟီဆွန်း သူသာလျှင် ကြောင်တွေကို‌ဘေးအန္တရာယ်မရှိစေပဲ ထိန်းချုပ်ပေးနိုင်တယ်။

သဘာ၀လွန်စွမ်းအားတွေရောပေါ့။

ဒါကိုဘာတွေကြောင့်များ အပြစ်မရှိအပြစ်ရှာပြီး သခင်နေရာက မောင်းထုတ်ချင်နေကြလဲမသိပါ။

စိတ်ဆန္ဒအတိုင်းသာဆို အကုန်လုံးကိုလှည့်မကြည့်ဘဲထွက်သွားချင်ပေမယ့် ဒီအာဏာရူးတွေအတွက်နဲ့ ကျန်တဲ့သူတွေရဲ့ဘ၀တွေကိုဖျက်ဆီးပစ်ဖို့ မဖြစ်ဘူးလေ။

လောလောဆယ်တော့ ဒီအဆောင်ထဲမှာ နေရတာ သိပ်ကိုမွန်းကြပ်လွန်းနေတာကြောင့် ‌စိတ်သက်သာရာ ရစေခြင်းအလို့ငှာ အပြင်ဘက်တစ်နေရာသို့ ထွက်သွားရန်ပြင်လိုက်သည်။

ခနလောက်ဖြစ်ဖြစ် စိတ်ချမ်းသာရာရချင်တယ်။

ပင်ပန်းနွယ်နယ်မှုတွေအနည်းမျှလောက်ပင်ဖြစ်စေ ပေလျှော့စေရန်အလို့ငှာ အေးမြကြည်လင်စေနိုင်သော ပင်လယ်ဆီသို့ ထွက်ခွာရန်ပြင်လိုက်၏။

-ဆု-|Prize|/JAY AND JUNGWON/ [complete]Where stories live. Discover now