-ဆု-|Prize| Part-11

194 33 5
                                    

Unicode

သူပြန်လာမိတာဟာ ကိုကို့အတွက် နောက်ထပ်၀မ်းနည်းစရာတစ်ခုကို ယူဆောင်လာပေးမိသည်လား....။

ကိုကိုနဲ့အတူပျိုးခဲ့သော Baby's breath ပန်းလေးတွေ ပွင့်သည်ထိတော့ အတူရှိနေချင်မိပါသည်။

ယန်းဂျောင်၀န်းက ကိုကို့အတွက် ဆုလာဘ်လေး မဖြစ်ပေးနိုင်ခဲ့ဘူးပဲ။

______________________________________

♣-ဆု-♣

"ဖုံးကွယ်ခြင်းထက် ဖွင့်ပြောရတာက
ပိုခက်ခဲတယ်"

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

လေပြေလေညင်းတွေတဖြူးဖြူးတိုက်ခတ်နေပါသော ၀ရံတာတွင် ထိုင်နေရင်း အတွေးပေါင်းများစွာဖြင့် အလုပ်ရှုပ်နေရင်းမှ ဂျောင်၀န်းအိပ်မောကျသွားရသည်။

"One....One....."

"ဟင်...အင်း...."

"One....ထပါအုံး"

ညင်သာစွာလှုပ်နှိုးလိုက်တော့မှ မျက်လုံးများကို လေးပင်စွာ ဖွင့်လာသည်။ မျက်တောင်ရှည်ရှည်တွေနဲ့ ချစ်စရာအတိ။

"အာ...သခင်...သခင်ကြီး"

"ရပါတယ် One မင်းအဆင်ပြေသလိုနေပါ"

"ကျွန်တော့်ကိုပြောစရာရှိလို့လား"

"ငါ...ဒီစကားကိုပြောဖို့အတွက် တကယ်စဉ်းစားခဲ့ပါတယ် အကြိမ်အခါခါစဉ်းစားခဲ့တယ်...ဒါပေမယ့် နောက်ကျမှသိရတာထက် နည်းနည်းလောက်ပိုပြီးစောသိလိုက်ရရင်ကောင်းမယ်ထင်လို့"

"ကျွန်တော်နားထောင်နေပါတယ်"

"One....မင်း....မင်းက...မကြာခင် သေတော့မှာ"

"ဗျာ!"

"မင်းသိလား မင်းကငါတွေ့တဲ့ အဲ့နေ့ထဲက အသက်မျော့မျော့ပဲကျန်တော့တာ ငါ့ရဲ့စွမ်းအားတွေသုံးပြီး ငါမင်းကို ကယ်တင်ခဲ့တာ ဒါပေမယ့် မင်းက အရမ်းအားနည်းနေပြီး အခုထိအသက်ရှင်လာခဲ့တာကလည်း ကြောင်နန်းတော်မှာ ရှိနေတာကြောင့်ပဲ အခုလို လူတွေရဲ့နေရာမှာနေမယ်ဆိုရင် မကြာခင် မင်းသေရလိမ့်မယ် သိရဲ့လား"

"ကျွန်တော် ဒါတွေကိုမသိခဲ့ဘူး"

"ပြန်လိုက်ခဲ့ပါလား"

-ဆု-|Prize|/JAY AND JUNGWON/ [complete]Where stories live. Discover now