-ဆု-|Prize| Part-12

204 29 2
                                    

Unicode

"ကျွန်တော်ကလေ....လူအစစ်မဟုတ်ဘူး"

"...."

"ကျွန်တော်က ကြောင်.... အဲ့နေ့က ပင်လယ်ထဲမြောသွားတဲ့ ကိုကိုရဲ့ကြောင်လေး"

"..."

"ပြီးတော့ ကျွန်တော်က မကြာခင်သေရတော့မှာ"

မိုး‌များကပိုသည်းလာသည်ထင်.... ပါးပြင်ထက်မှာလဲ စိုရွှဲလို့....။

မျက်ရည်များမဟုတ်‌ဖို့တော့ မျှော်လင့်မိပါသည်။

______________________________________

♣-ဆု-♣

"၀န်းလေးက Oneဖြစ်နေတာကို ကိုယ်ပျော်မိမှာ။
ဒါပေမယ့် Oneလိုပဲထားသွားမှာကိုတော့ လက်မခံနိုင်ဘူး"

••••••••••••••••••••••••••••••••••••••••••••••••••

မိုးတွေကသည်းသည်ထက် သည်းလာသည်။
‌၀န်းလေးရဲ့ ကိုယ်လုံးလေးဆို တုန်ယင်လို့ .....။ နှုတ်ခမ်းလေးတွေလဲ အရောင်ဖျော့လို့နေပြီ။ မျက်လုံးတွေလဲ ဒီလောက်ငိုနေပုံအရ ပြီးရင် ဖောင်းအစ်နေတော့မှာပဲ။

ဒါဆိုရင်သူကရော?.... သူကလား။

သူကတော့ အဲ့နေရာမှာတင် အငွေ့ပျံသွားဖို့ လုံလောက်နေပြီ။ အခု၀န်းပြောလိုက်တဲ့စကားတွေ.... ကျန်တာတွေကို သူမကြားပါ။ သူသေချာစွာ ကြားလိုက်သည်က

"မကြာခင်သေရတော့မှာ"

မဖြစ်ဘူး။ ကိုယ့်၀န်းလေးက ကိုယ့်ကိုယ် ထားမသွားရဘူး။ ၀န်းနဲ့အတူတစ်သက်လုံးနေမှာ။ ပင်လယ်ကိုလည်းခနခနလာပြီး မိုးရေထဲလည်း ထွက်ဆော့မှာ။
ပြီးတော့ ပျိုးထားတဲ့ baby's breath လေးတွေတောင် ပွင့်မလာသေးဘူးလေ။ သူတို့တွေတနေ့ထက်တနေ့ကြီးထွားတာကို စောင့်ကြည့်ပြီး ပန်းတွေပွင့်တာကိုလည်း တူတူကြည့်ရအုံးမှာ။

၀န်းလေးက Oneဖြစ်နေတာကို ကိုယ်ပျော်မိမှာ။
ဒါပေမယ့် Oneလိုပဲထားသွားမှာကိုတော့ လက်မခံနိုင်ဘူး။

"ဂျောင်၀န်း~~~~"

"ကိုကို...ကိုကို ကျွန်တော့်ကိုမုန်းလားဟင်"

"ဟင့်အင်း မမုန်းဘူး လုံး၀မမုန်းပါဘူး ကိုယ့်ကလေးလေးကို ကိုယ်ကအရမ်းချစ်တာ ဘာလို့မုန်းရမှာတဲ့လဲ"

-ဆု-|Prize|/JAY AND JUNGWON/ [complete]Where stories live. Discover now