-ဆု-|Prize| Part-6

272 40 0
                                    

Unicode

''နာကျင်ပါတယ်...တကယ်ကို နာကျင်ပါတယ်
ဒါပေမယ့်လည်း ကျွန်တော့်ရဲ့သခင်အတွက်မို့ ကျွန်တော် မနာကျင်ချင်ယောင်ဆောင်ပါ့မယ်''

*မင်းအရမ်းတုံးတာပဲ မင်းနာကျင်နေတာကမှ ငါ့ရင်ကိုမီးမြိုက်သလိုပဲဆိုတာသိရဲ့လား ဟမ်*
<<<<<<<<<<<<<<<<<<<<<<<<
♣-ဆု-♣

'ကံကြမ္မာဆိုတာမျိုးက သိပ်ကိုဆန်းကြယ်လွန်းတတ်တယ် မျက်စိတစ်မှိတ်အတွင်းမှာတင် အဖြစ်အပျက်တွေက လိုက်မမှီနိုင်လောက်အောင် ပြောင်းလဲသွားတာမျိုးပေါ့'

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

<<<<<<<<<<<<<<<<<<<<<<<<<<<<<<<<

'One!!'

ဒေါသဘယ်လောက်ထွက်နေပါကြောင်းအား ထိုအသံကသက်သေပြသည်။ နဂိုလဲသူအမှားလုပ်မိတိုင်ဆူနေကြပင်ဖြစ်သော်လည်း ဒီတခါတော့မတူ။ အသံကဘယ်လောက်ထိမာန်ပါလိုက်လဲဆိုရင် ဂျောင်၀န်းကိုယ်လေး တုန်တက်သွားသည်အထိ။

''မင်းအသက်မပြည့်သေးဘူးလေ အသက်မပြည့်တာမှ တော်တော်ကိုမပြည့်သေးတာ ပြီးတော့ လူလောကထဲသွားဖို့ မင်းရဲ့ရုပ်ပြောင်းနိုင်စွမ်းကလဲ ပြည့်ပြည့်၀၀ရှိသေးတာမဟုတ်ဘူး ‌ဒါကို ဘာလို့ လူတွေရဲ့နေရာဆီကိုပဲ သွားဖို့ကြိုးစားနေတာလဲ မရသေးဘူးလို့ပြောနေတာကို မဟုတ်ဘူးလား ဟမ်!''

သခင်ကြီးက အရမ်းနူးညံ့တယ်။ ချိုသာတယ်။ ဖော်ရွေတယ်။ ဒါပေမယ့် စည်းကမ်းပိုင်းနဲ့ပတ်သတ်လာတဲ့အခါ အဲ့ဒိနူးညံ့မှု ဖော်ရွေမှု ချိုသာမှုတွေက ကြက်‌ပျောက် ငှက်ပျောက် ပျောက်လို့သွားရသည်။ စည်းမျဉ်းစည်းကမ်းနဲ့ ယဉ်ကျေးမှုထုံးစံ ဓလေ့တွေကို သူအရမ်းအလေးထားတယ်။ ဒါကလဲ အသက်၅၀၀တောင်မပြည့်သေးတဲ့ ခေါင်းဆောင်တစ်ယောက်ရဲ့ စိတ်ဓာတ်ကောင်းတွေပဲ ဖြစ်ပါလိမ့်မယ်။

နောက်တစ်ချက်က...Oneတစ်ဖြစ်လဲ ယန်းဂျောင်၀န်း။

ဂျောင်၀န်းကသူ့ရဲ့အားနည်းချက် ဒါမှမဟုတ် သူအရမ်းချစ်ရသူ။ တစ်နည်းအားဖြင့်ပြောရရင် သူ့ရဲ့မရိုးသားတဲ့အချစ်တွေကို ဖုံးကွယ်ချင်လို့ မိသားစုဇုန်ထဲ အတင်းဆွဲသွင်းခံထားရတဲ့ သူ့ရဲ့ညီလေး။

-ဆု-|Prize|/JAY AND JUNGWON/ [complete]Where stories live. Discover now