Part-14 [Sunki special]

189 28 2
                                    

SUNKI SPECIAL PART

Unicode

နေရောင်ခြည်သည်တောက်ပစွာဖြာကျနေသည်။
အဖြူရောင်ကြာပန်းတို့က တင့်တယ်စွာ ရေပေါ်၌ ပေါ်ပေါက်နေလေသည်။

ထိုသည်ထက် ပိုမိုလှပစေနိုင်သည်က လူသားတစ်ဦး။
ဖြူနုနုနှင့် ပန်းချီကားတစ်ချပ်ကဲ့သို့လှပသည့် လူသားတစ်ဦး။ ပြီးတော့သူက အမျိုးသားတစ်ယောက်။

သတိလက်လွတ်ငေးကြည့်မိနေသည်က ဘယ်လောက်ကြာသွားတယ်ရယ်မသိ။ ထိုလူသားလေးက သူ့ကို တွေ့လိုက်သည်ထင်။ ပါးပြင်မို့မို့ ဖောင်းဖောင်းလေးက အရှက်သည်းစွာရဲတက်လာ၏။

"Kiki"

"အင်း"

"ဘယ်တုန်းထဲကရောက်နေတာလည်း ‌ကြာရင်ခေါ်ရောပေါ့"

"အကိုကသိပ်လှလို့ ငေးကြည့်နေတာလေ"

"မင်းကလဲကွာ"

"ကိုယ်တကယ်ပြောတာ"

"ယုံပါတယ်"

"ဒီမှာနေရတာ  အဆင်ရောပြေရဲ့လား"

"မင်းရှိနေမှတော့ ဘာမပြေစရာရှိမလဲ"

"ဒီညပွဲတစ်ခုလုပ်ပေးမယ် ဂျုံဆောင်းhyungနဲ့ onedam hyungကိုလည်းဖိတ်ထားတယ်"

"ဟုတ်လား...ဘာပွဲများလည်း"

"ဒီတိုင်း ပွဲတော်လုပ်မယ် မုန့်ဈေးတန်းတွေနဲ့ မျက်လှည့်ဆရာတွေနဲ့ အကတွေအဆိုတွေနဲ့ အဲ့လိုမျိုး"

"ငါ့အတွက်လား"

"မဟုတ်ရင်ဘာလို့လုပ်နေရမှာလဲ"

"အဲ့ဒါကြောင့်ချစ်နေရတာပေါ့ ဟိဟိ ဟိုနေ့ကအသစ်ချုပ်ထားတဲ့ ရိုးရာ၀တ်စုံလေး၀တ်ရမယ်"

အလျင်အမြန်ပင်ပြေးထွက်ဖို့လုပ်နေသူကို ချုပ်ဖမ်းထားရင်း...

"ဘယ်သွားမလို့လဲ"

"ပွဲတော်အတွက်ပြင်ရမယ်လေ"

"ညနေမှကို..."

"ဒါတွေမင်းမသိပါဘူး ဖယ်"

ဆောနူက သူ့အား တိုးတိုက်ရင်း ထွက်ပြေးသွားလေ၏။

တကယ်ပါ လောကကြီးထဲ ပြသာနာပေါင်း သောင်းခြောက်ထောင်ရှိရင်ရှိမယ် ဒါကိုသူကိုင်တွယ်နိုင်တယ်။

-ဆု-|Prize|/JAY AND JUNGWON/ [complete]Where stories live. Discover now