အပိုင်း (၁၅)

12.9K 592 0
                                    

နွေရာသီကျောင်းပိတ်ရက်ကုန်ဆုံးခဲ့လို့ မပျော်ရတဲ့ ကျောင်းသားတွေထဲ ကောင်းပြည့်မပါခဲ့။ ချစ်ရသူနဲ့ဆုံတွေ့ရမည့် ကျောင်းဖွင့်ရက်ကို မျှော်နေတက်ပြီ ။ ဒုတိယနှစ် ဒုတိယစာသင်နှစ်ဝက်ကာလ မှာ ကျွန်တော်ဘဝ အချစ်ကြောင့် စောက်ထိုးမိုးမျှော်ဖြစ်ခဲ့မယ် မတွေးမိခဲ့ဘူး ။ ရှေ့ဆက်နေ့ရက်တွေ ဘာဖြစ်မယ်ဆိုတာ ကြိုတွက်ချက်ရနိုင်ခဲ့ရင် ကောင်းပြည့်တစ်ယောက် ကျောင်းတက်ဖို့ စိတ်အားထက်သန်နေပါ့မလား။ မျှော်လင့်ထားတဲ့အရာတွေက မျှော်လင့်ထားသလို ဖြစ်မလာခဲ့ရင် လူတစ်ယောက်ရဲ့ အသိစိတ်ကိုပင် မှောင်မိုက်စေ၍ ဒုခအတိရောက်ရတက်တယ်....အချစ်...ဟုတ်တယ် အချစ်ကြောင့်ပျော်ရွှင်ရသလို အချစ်ကြောင့်ဘဝပျက်ကြရတယ်။ အချစ်ကြောင့် ဘဝတစ်ခုလုံးပျက်စီးရတဲ့လူသားတွေထဲ ကောင်းပြည့်ဝေလျှံ ...

"ငကောင်း...ငါ သင်တန်းအပ်ခဲ့တယ် English class တစ်ခုကို မင်းရော ဘာသင်တန်းတက်မလဲ "
"ငါ့လား....အင်း မူန့်လုပ်သင်တန်း၊အချက်အပြုတ် သင်တန်း တက်ချင်တယ်...ဝင်းထက် ကူညီပေး"

" မင်း Barkery Shop ဖွင့်မလို့လား ဘာအတွက်လဲ"
" ဟင်းအင်း မဖွင့်ပါဘူး ...ကိုကို ကို့ ချက်ကျွေး ချင်လို့..."
"ဘာ...."

ဟုတ်တယ် မူန့်လုပ် သင်တန်းနဲ့အချက်အပြုတ်သင်တန်းတက်ချင်တယ်၊ ကိုကို ကို့ ကိုယ်တိုင် မူန့်လုပ်ကျွေးချင်တယ်၊ အရသာရှိမယ့် ဟင်းလျာတွေ ချက်ကျွေးလို့ စားစေမည်။ ကိုကို အလုပ်ကပြန်လာရင် အိမ်ကနေ အရသာရှိရှိ ဟင်းလျာတွေချက်ပြီး စောင့်နေမယ့် ဇနီးကောင်းတစ်ယောက်လို ..သူဖြစ်ချင်တယ်။ ယောက်ကျာ်လေး နှစ်ယောက်မို့ လက်ထပ်မရလည်း ဘာထူးဆန်းလဲ ကိုကိုနဲ့အတူနေပြီး ၊ ကိုကို ကို့ချက်မည်။ ကိုကိုအနားမှာနေပြီး ကိုကို အလုပ်က ပင်ပမ်းလာတ်ိုင်း ပြုစုပေးလို့ အရသာရှိစေမယ့် ဟင်းလျာတွေ ချက်ပေးမည်။ အတွေးထဲက အနာဂတ်ဘဝ ဘယ်လောက်သာယာလိုက်မလဲ ...

" မင်း...ကိုရဲရင့်ကို ချစ်နေလား ငကောင်း ပြောကြည့် "
"အင်း ..ငါ ကိုကို ချစ်တယ် ဝင်းထက် ၊ ယောကျာ်းလေးမို့လို့ မချစ်ရဘူး မပြောနဲ့နော် ၊ ငါ..ငါက..ကိုကို မို့လို့ ချစ်မိတာ"

ချစ်ခြင်းတို့အလွန် Where stories live. Discover now